စတော်ဘယ်ရီသီး စိတ်ကြိုက်စားအစီအစဉ်

ရှိဇုအိုကခရိုင် အိတိုမြို့ရဲ့ စတော်ဘယ်ရီသီးစိတ်ကြိုက်စားအစီအစဉ်မှာ ကိုယ်တိုင်သွား ရောက်စားသုံးဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ဆောင်းတွင်းက ခိုက်ခိုက်တုန်အောင်ချမ်းပေမဲ့၊ စတော်ဘယ်ရီပင်တွေ စိုက်ပျိုးထားတဲ့ ပလတ်စတစ်အိမ်လေးကတော့ အနွေးဓာတ်အပြည့်ပါပဲ။

အထဲကိုဝင်ကြည့်လိုက်တော့ မှင်သက်သွားလောက်အောင်များပြားလှတဲ့ စတော်ဘယ်ရီသီး တွေနဲ့ပြည့်နေပါတယ်။

 

စားချင်သလောက် ဘယ်လောက်ဘဲစားစား အိုကေပါပဲ။ စတော်ဘယ်ရီသီးစိတ်ကြိုက်စား အစီအစဉ် ဖြစ်တဲ့အတွက်ပါ။

နို့ဆီယူပြီးတော့၊ စတော်ဘယ်ရီသီးပေါ်မှာ နို့ဆီလေးနဲနဲဆမ်းပြီး စားကြည့်လိုက်ပါတယ်။

နို့ဆီမပါလည်း စတော်ဘယ်ရီသီးရဲ့ နဂိုအရသာက အရမ်းချိုမြိန်ပြီး အရသာရှိတယ်ဆိုတာ လုံးဝ အာမခံပါတယ်။ ဒါပေမဲ့ နို့ဆီနဲနဲဆမ်းလိုက်မယ်ဆိုရင်တော့ စတော်ဘယ်ရီရဲ့ ချိုမြိန်မှုကို နို့ဆီကထပ်ပြီး အားဖြညလိုက်တော့ ချိုပြီး ပိုပြီးစားလို့အရသာရှိသွားတယ်။

ပလပ်စတစ်အိမ်လေးထဲမှာ စတော်ဘယ်ရီသီးအမျိုးအစား လေးမျိုးလောက်ရှိပြီး၊ ဘယ်အသီး ကဘယ်လိုအရသာဆိုတာ၊ စိတ်ကြိုက်မြည်းစမ်းကြည့်လို့ရပါတယ်။

ဂျပန်နိုင်ငံက စတော်ဘယ်ရီသီးတွေရဲ့ ချိုမြိန်မှုကဘယ်အရာနဲ့မှမလဲနိုင်တဲ့အတွက်၊ တစ်ခါ လောက်စားကြည့်လိုက်ရုံနဲ့ စွဲမက်သွားတဲ့လူတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။
အဲလောက်အရသာရှိတဲ့စတော်ဘယ်ရီကို စိတ်ကြိုက်စားနိုင်တဲ့အစီအစဉ်က အလွန်အားရေကျေနပ်စရာပါ။

အလုံး ၁၀ဝ လောက်တော့အေးဆေးစားနိုင်တယ်လို့ ယုံကြည်ချက်အပြည့်နဲ့သွားခဲ့ပေမယ့်၊ ထင်ထားသလောက် မစားနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ စတော်ဘယ်ရီခင်းတွေကြားထဲမှာ ပျော်စရာလည်းကောင်း၊ အရသာလည်းရှိတဲ့စတော်ဘယ်ရီသီးတွေကိုလည်း စိတ်ကြိုက် စားရတဲ့အတွက် တကယ်ကိုကျေနပ်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: