အမျိုးသမီးချောတစ်စုရဲ့ အံ့အားသင့်ဖွယ် လိမ်လည်မှု

ဂျပန်နိုင်ငံဟာ မိသားစုမျိုးရိုးကို တန်ဖိုးထားတဲ့ နိုင်ငံဖြစ်ပါတယ်။

မိသားစုမျိုးရိုးကို ကာကွယ်ဖို့အတွက် ကလေးယူဖို့လိုအပ်ပေမယ့် ကလေးသေဆုံးမှုများပြားခဲ့တဲ့ ရှေးခေတ်ဂျပန်မှာ မိန်းမတစ်ယောက်တည်းယူရင် မျိုးဆက်ချန်ဖို့ ခက်သွားပါလိမ့်မယ်။

ဒါကြောင့် အဲ့ဒီခေတ်မှာ ငွေကြေးရှိသူ၊ မျိုးရိုးမြင့်သူတွေဟာ မိန်းမများများရှိတာ၊ ရည်းစားထပ်ထားတာတွေက လုပ်လေ့ရှိပါတယ်။

ဒီတစ်ကြိမ်မှာတော့ အဲ့ဒီခေတ်ရဲ့ မိန်းမချောအဖွဲ့ရဲ့ လိမ်လည်မှာအဆင့်တွေကို ပြောပြသွားမှာဖြစ်ပါတယ်။

သူတို့ကို အဲ့ဒီခေတ်က Pissing Troupe လို့ လည်း ခေါ်ကြပါတယ်။

အဲ့ဒီအဖွဲ့မှာ လှပတဲ့အမျိုးသမီးတွေများပြီး သူတို့ဟာ ကိုယ်လုပ်တော် (ဒုတိယဇနီးနှင့် ဇနီးငယ်) နဲ့ ချစ်သူရည်စားတွေအဖြစ် နေရာအမျိုးမျိုးမှာ ရှိကြပါတယ်။

သူတို့က ပိုက်ဆံရှိပုံရတဲ့နာမည်ကြီးတွေကို ချဉ်းကပ်ပြီး နှစ်သက်ရင် စာချုပ်ကြေး ယန်း ၁၄ သန်းလောက်ရှိတဲ့ ငွေကြေးကို ပေးခိုင်းပြီး ချစ်သူစာချုပ်ကို ချုပ်ဆိုကြပါတယ်။

ပိုက်ဆံကို ရတယ်ဆိုရင်ပဲ

ညတိုင်း မွေ့ရာပေါ်မှာ ဆီးသွားချလိုက်ပါတယ်

အိပ်နေစဉ် ဆီးသွားလိုက်ပြီး “ဒါက ရောဂါလို့ဖြစ်နေတာမို့ မပျောက်နိုင်ဘူး” လို့ ဆိုပါတယ်။

အဲ့ပေမယ့်လည်း အရမ်းချောမောတဲ့မိန်းကလေးဖြစ်နေတဲ့အခါ အမျိုးသားဖြစ်သူက အွန်း လို့ပြောပြီး စိတ်ညစ်နေစဉ်မှာ ဇိမ်ခံပစ္စည်းကို နည်းအမျိုးမျိုးနဲ့ ဝယ်ခိုင်းပါတော့တယ်။

ပိုက်ဆံလည်း တအားဖြုန်းတယ်၊ အိပ်ရာထဲလည်း ဆီးသွားတယ် ဆိုတဲ့အချက်နဲ့ အမျိုးသားတွေဟာ သည်းမခံနိုင်ဖြစ်ပြီး ဆက်ဆံရေးဖြတ်တောက်ဖို့ လုပ်ပေမယ့် အမျိုးသားဖက်က တစ်ဖက်သက် ငွေကြေးပေးပြီး ကမ်းလှမ်းခဲ့မှုကြောင့် နောက်ဆုံးမှာ ငွေအများအပြားပေးလိုက်ရပြီး ဇာတ်လမ်းအဆုံးသတ်သွားပါတယ်။

ဒါပေမယ့် မကောင်းမှုဟာ ရေရှည်မခံပါဘူး။

တစ်ကြိမ်မှာ ကိုယ့်ကိုကိုယ်လှည့်စားခံရမှန်းမသိတဲ့ အမျိုးသားဟာ အမျိုးသမီးရဲ့ကလေးကို အရမ်းစိတ်ပူပြီး ဆေးဆရာဆီ ပြသခဲ့ပါတယ်။

ဆရာဝန်ပေးလိုက်တဲ့ ဆေးနည်းက အပူပေးကုသဖို့ပါ။

မြက်ကို ဆုပ်နယ်ပြီး မာကျောအောင်လုပ်ထားတဲ့အရာကို ခန္ဓာကိုယ်မှာ တင်ပြီး မီးမြိုက်တဲ့ ကုသဖြစ်ပါတယ်။

ဒါဟာ ပုခုံးတောင့်တင်းတာတွေအတွက် ထိရောက်မှု ရှိပေမယ့် အလွန်ပူပါတယ်။

အိပ်နေစဉ် ဆီးသွားခြင်းကို ကာကွယ်ဖို့အတွက် သမားတော်က ရွေးချယ်ပေးလိုက်တာကတော့ ကြက်ဥအရွယ်အလုံးခန့်ကို မိန်းမကိုယ်ထဲထည့်ပြီး မီးမြှိုက်ဖို့ ဖြစ်ပါတယ်။

တွေးကြည့်ရုံနဲ့ တော်တော်ခံစားရမယ့်နာကျဉ်မှုမျိုးဖြစ်လို့ ဒီအပူဒဏ်ကို မခံနိုင်တော့တဲ့အမျိုးသမီးတွေဟာ လိမ်လည်မှုကို ရပ်တန့်လိုက်ကြပြီး၊ ဒီအကြောင်းကြားတဲ့ အခြားအမျိုးသမီးတွေဟာလည်း လိမ်လှည့်မှု မပြုတော့ဘူးလို့ ဆိုပါတယ်။

သမားတော်ဟာ လိမ်လည်သူတွေကို နာကျဉ်အောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့ ဒီဆေးနည်းကို ပြောခဲ့တာဆိုရင် အတော်ကောင်းတဲ့စိတ်ကူးပေမယ့် ၊ အဲ့လိုအတွေးမပါဘဲ ဒီအတိုင်း ရောဂါပျောက်ကင်းဖို့ဆေးနည်း လို့ ပြောရင်တော့ လိမ်လည်သူတွေနဲ့ မထူးခြားနားဖြစ်ပါလိမ့်မယ်။

ဒီလိုပဲ အရင်ခေတ်က ဆေးနည်းတွေက စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်

အားလုံးလည်း မကောင်းမှုမပြုဘဲ မှန်မှန်ကန်ကန် နေသွားကြစို့နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: