ဂျပန်နိုင်ငံရဲ့ နံပါတ်တစ် ဆာမူရိုင်းတွေ၊ ရှောဂွန်းတွေရဲ့ တစ်နေ့တာနေထိုင်မှု၊ ထင်ထားတာထက်ကို ပိုမိုတည်တည်တံ့တံ့နေထိုင်ခဲ့ကြတဲ့ ရှောဂွန်းများ
နိုင်ငံတစ်နိုင်ငံမှာ နံပါတ် ၁ ထိပ်ဆုံးရယ်လို့ဖြစ်လာရင် ဘယ်သူကမှ မကျေမနပ် ပြောကြမှာမဟုတ်ဘူး။
ဆိုလိုတာက မနက်စောစော ထစရာလည်းမလိုဘူး၊ ကြိုက်တာကို ကြိုက်တဲ့အချိန်မှာစားပြီး လှဲလျောင်းကာ Youtube ကြည့်ပြီး အချိန်ကုန်ဆုံးမယ်လို့တွေးတဲ့သူက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးလို့ ထင်ပါတယ်။
ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ ဆာမူရိုင်း၊ ရှောဂွန်းတွေကတော့ လက်တွေ့မှာ တကယ့်ကို တည်တည်တံ့တံ့နဲ့ နေထိုင်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာ ဒီလိုစကားရှိပါတယ်။
ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်း၏
နေမကောင်းဖြစ်မှ ဆေးသောက်တာထက် ပုံမှန်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်သင့်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။
ဒီလိုစကားအလိုက် နေထိုင်ကြတဲ့ရှောဂွန်းတွေရဲ့ တစ်နေ့တာ အချိန်ဇယားကို ကြည့်ကြည့်ရအောင်။
မနက် ၆ နာရီ
ရှောဂွန်းတွေဟာ ဒီအချိန်မှာ နိုးနေကြပါတယ်။
နွေရာသီဆိုရင် အကြောင်းမဟုတ်ပေမယ့် ဆောင်းရာသီကတော့ အေးပြီးမှောင်တဲ့အတွက် တော်တော်နဲ့မထနိုင်မှာ မဟုတ်ပေမယ့် ရှောဂွန်းတွေကတော့ တစ်နှစ်တာလုံးမပြောင်းလဲဘဲ မနက် ၆ နာရီဆို အိပ်ရာထကြပါတယ်။
မနက်အိပ်ရာထတာနဲ့ သွားတိုက်ဖို့ အဆင်သင့်ပြင်ပေးထားပါတယ်။
မနက် ၈ နာရီ
မနက်စာကတော့ ရိုးရိုးရှင်းရှင်းပါပဲ။
ထမင်း၊ မီဆိုဟင်းချိုနဲ့ ငါးကင်ဖြစ်ပါတယ်။
ဤသုံးမျိုးဟာ မနက်စာအဖြစ် အစားများကြပါတယ်။
ဒါ့အပြင် အချဉ်တည်ထားတဲ့ အသီးအရွက်အပါ စုစုပေါင်း ၄ မျိုး စားကြပါတယ်။
နိုင်ငံထိပ်တန်းတစ်ယောက်ဖြစ်ပေမယ့် စားသောက်တဲ့အစားအစာကတော့ ရိုးရှင်းလှပါတယ်။
ဒါ့အပြင် အဆိပ်ခပ်ခံရတာမျိုးလည်း ရှိနိုင်တဲ့အတွက် အရင်မြည်းကြည့်တဲ့သူလည်း ရှိပုံရပါတယ်။
ရှောဂွန်းစားမယ့်အရာကို အရင်စားကြည့်ပြီး အချိန်တစ်ခုစောင့်လို့ အဆိပ်မရှိတာ သေချာပြီဆိုမှ ရှောဂွန်းက စစားပါတယ်။
ဟုတ်ပါတယ် အဲ့ဒီအချိန်ဆို အစားအသောက်က အေးသွားလောက်ပြီဖြစ်လို့ ရှောဂွန်းတို့ဘဝဟာလည်း သနားစရာပါပဲ။
ပြီးတော့ စားနေရင်းနဲ့ ဆံပင်ပုံစံပြင်ပေးတာလည်း ခံရပါတယ်။
စားပြီးနောက်မှာတော့ မနက်တိုင်း သမားတော် ၆ ဦးလောက်ဆီက ကျန်းမာရေးစစ်ဆးမှုကို ခံယူရပြီး ကျန်းမာရေးမှာလည်း အထူးဂရုပြုကြပါတယ်။
မနက် ၉ နာရီ
ရှောဂွန်းတို့ဟာ အိုအိုးအိုခုလို့ ခေါ်တဲ့ အမျိုးသမီးတွေပဲရှိတဲ့ နေရာမှာပဲ အိပ်လေ့ရှိပါတယ်။
ဒီနေရာမှာ ရှောဂန်းခေတ်အဆက်ဆက်ရဲ့ ဘိုးဘေးကျောက်ပြားတွေ ရှိတဲ့အတွက် အဲ့ဒီနေရာမှာ ဝတ်ပြုပြီး တစ်နေ့တာအလုပ်ကို စတင်ကြပါတယ်။
ယနေ့ခေတ်မှာ လုပ်ကြတဲ့ morning assembly လိုမျိုး မနက်ခင်းစုဝေးချိန်ကိုလည်း လုပ်ကြပါတယ်။
အဲ့ဒီနေရာမှာတော့ ထုံးစံအတိုင်း မိန်းကလေးတွေချည်းပါပဲ။
မနက် ၁၀ နာရီ
စာပေပိုင်းရော၊ ကိုယ်ကာယပိုင်း နှစ်မျိုးလုံးမှာ ကျွမ်းကျင်ပါမှ ဆာမူရိုင်းတစ်ဦးလို့ ခေါ်ဆိုခဲ့ကြပါတယ်။
ဒါကြောင့် ကိုယ်ကာယလေ့ကျင့်မှုနဲ့အတူ စာပေကိုပါ လေ့လာကြပါတယ်။
နေ့လည် ၁၂ နာရီ
နေ့လည်စာစားချိန်ဖြစ်ပါတယ်။ ထမင်းဟင်း ကလည်း ရိုးရိုးရှင်းရှင်းပါပဲ။
ပြီးရင် ၂ နာရီလောက် အလုပ်လုပ်ပါတယ်။
လက်အောက်ခံ အရာရှိတွေဆီကနေ အစီရင်ခံမှုကို လက်ခံရတာက အဓိကအလုပ်ဖြစ်ပါတယ်။
ဒါဆိုရင် တစ်နေ့ကို နှစ်နာရီပဲ အလုပ်လုပ်ရတာပေါ့နော် အားကျလိုက်တာ။
နေ့လည် ၂ နာရီ
ဒီကနေ ဝါသနာပါရာကို လုပ်တဲ့အချိန်ဖြစ်ပါတယ်။
မြင်းစီးတာ၊ ပုံဆွဲတာ၊ ကြိုက်နှစ်သက်တဲ့အရာကို လုပ်ကြပါတယ်။
အသက်ရှည်ရှည်နေရဖို့ အလွန်အကျွံမလုပ်ဘဲ ပြန်လည်လန်းဆန်းနေစေဖို့ လုပ်ကြပေမယ့် ဒါကလည်း အားကျစရာပါပဲ။
ညနေ ၅ နာရီ
ရေချိုးတဲ့အချိန်ဖြစ်ပါတယ်။
တစ်ဦးတည်းမချိုးဘဲ အကူက တစ်ကိုယ်လုံးကို ရေချိုးသန့်စင်ပေးကြပုံရပါတယ်။
ညနေ ၆ နာရီ
မနက်နဲ့ နေ့လည်စာကထက် ဟင်းအရေအတွက် ပိုများပေမယ့် အခြေခံအားဖြင့်တော့ ရိုးရိုးရှင်းရှင်း ညနေစာကို စားကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အေးအေးဆေးဆေးပဲ အချိန်ကုန်ဆုံးပါတယ်။
ည ၁၀ နာရီ
အိပ်ချိန်ဖြစ်ပါတယ်။
အိုအိုးအိုခုမှာရှိတဲ့ မိန်းကလေးထဲက ရွေးပြီး ညအချိန်ကောင်းတစ်ခုကို ဖြတ်သန်းကြပေမယ့် ကြိုတင်ချိန်းဆိုတဲ့စနစ်ရှိခဲ့ပုံရပါတယ်။
ဒါ့အပြင် အမျိုးသမီးတစ်ဦးတည်းအပေါ်ပဲ စိတ်တိမ်းညွှတ်မှုမဖြစ်စေဖို့အတွက် အမျိုးသမီးတစ်ဦးနဲ့ အိပ်ရာဝင်တဲ့အခါ အခြားအမျိုးသမီးတစ်ဦးက ဘေးမှာရှိပြီး စကားပြောကို နားထောင်ပေးရပါတယ်။
ရည်ရွယ်ချက်ကတော့ ဆက်ခံမည့် ကလေးတစ်ယောက်မွေးဖို့ဖြစ်ပြီး ဒါက အပျော်အပါးလည်းမဟုတ် အချစ်စိတ်လည်းမပါတဲ့ အရာဖြစ်တဲ့အတွက် သာမန်လူနဲ့ မတူတဲ့အချက်ဖြစ်ပါတယ်။
အသက်ရှည်ရှည်နေထိ့အတွက် အရေးအကြီးဆုံးက ကျန်းမာရေးပါ။
ရိုးရှင်းတဲ့အစားအစာများ၊ နေ့စဥ် တူညီတဲ့အချိန်ဇယား၊ အလုပ်အလွန်အကျွံမလုပ်ဘဲ လန်းဆန်းမှုလည်း ရှိစေတဲ့ နေ့စဉ်နေထိုင်မှုဘဝ။
ဒီလိုလုပ်သင့်တယ်ဆိုတာသိပေမယ့် အခုခေတ်လူတွေအတွက်တော့ ခက်ခဲလွန်းနေဆဲဖြစ်ပါတယ်။
Kengo Abe