ပြန်လည်ဦးမော့လာနိုင်ပြီး နှစ် ၅၀ ကြာပြီဖြစ်တဲ့ Okinawa ။ ဦးမော့လာခဲ့တာက မှန်ရဲ့လားဆိုတာ စဥ်းစားရအောင်

ပင်လယ်ပြင်အကျယ်ကြီးနဲ့ ကောင်းကင်ဘုံလို လှပတဲ့ Okinawa

ဂျပန်နိုင်ငံလက်ထဲ ပြန်ရောက်လာတာ မှန်ရောမှန်ရဲ့လား?

Okinawa ရဲ့သမိုင်းကြောင်းကို ကြည့်ကြည့်လိုက်ရအောင်

 

ဂျပန်နိုင်ငံဟာ ခရစ်နှစ်မတိုင်မီ နှစ်ပေါင်း ၆၆၀ ကတည်းကရှိခဲ့တဲ့ သမိုင်းကြောင်းရှည်တဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့်၊ အဲ့ဒီအချိန်တုန်းက Okinawa က ဂျပန်ပိုင်နက်မဟုတ်ခဲ့ပါဘူး

ကျွန်းတစ်ခုလုံးဟာ ကွဲပြားနေကြပြီး ၁၄၂၉ ခုနှစ်မှပဲ စည်းလုံးခဲ့တာပါ

Ryuukyuu Oukoku ဆိုပြီး ကိုယ်ပိုင်နာမည်နဲ့ သီးသန့်ရပ်တည်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ် တို့နဲ့ ကုန်သွယ်ခဲ့တဲ့ နိုင်ငံပါ

မြေပုံထဲကိုကြည့်ရင် သိသာပါတယ်

Okinawa ဟာ ဂျပန်ထက် ထိုင်ဝမ်နဲ့ ပိုနီးပါတယ်

ဒါကြောင့် တရုတ်ယဥ်ကျေးမှုတွေ ပိုမိုလွှမ်းမိုးထားတာကို မြင်ရမှာပါ

 

၁၆၀၉ ခုနှစ်

Kitsumahan ဆိုတဲ့ အခုခေတ်အခေါ်  Kagoshima စီရင်စုက ဆာမူရိုင်းတွေက ကျူးကျော်တိုက်ခိုက်ပြီး အုပ်ချုပ်ခဲ့ပါတယ်

ဆာမူရိုင်းခေတ်ကုန်သွားတော့ မေးဂျိခေတ်စပြီး Okinawa စီရင်စုလို့ အမည်ပေးခံရကာ ဂျပန်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပါတော့တယ်

ဒီမှာပဲ နှစ်ပေါင်း ၄၅၀ ကျော်ရှိလာခဲ့တဲ့ Ryuukyuu Oukoku သမိုင်းဟာကွယ်ပျောက်သွားပါတော့တယ်

ဒုတိယကမ္ဘာစစ်‌ဖြစ်တော့ Okinawa ဟာ စိတ်မချမ်းမြေ့ဖွယ် မြေတစ်ခုဖြစ်လာပါတော့တယ်

အမေရိကန်စစ်တပ်ဟာ ကျွန်းပေါ်ရောက်လာပြီး ကျွန်းပေါ်နေထိုင်သူ ၁ သိန်းလောက် သေသွားခဲ့ရပါတယ်

စစ်ကြီးပြီးတဲ့နောက်မှာလည်း အမေရိကန်ပိုင်နက်ဖြစ်သွားပြီး ဂျပန်ကနေ ဖြတ်ယူခံလိုက်ရပါတယ်

၁၉၇၂ ခုနှစ်မှာ ဂျပန်ပိုင်နက်ပြန်ဖြစ်သွားပါတယ်

သို့သော် အခုအချိန်ထိတိုင် Okinawa မှာ အမေရိကန်စစ်တပ် အခြေစိုက်ခဲ့တဲ့မြေတွေ အများကြီးကျန်နေပါသေးတယ်

 

ဘာလို့လဲ?

အမေရိကန်အတွက် အာရှဒေသမှာ လွှမ်းမိုးမှုတွေချန်ခဲ့ဖို့ အကောင်းဆုံးနေရာ ဖြစ်ခဲ့လို့ပါပဲ

စစ်စခန်းမှုရှိကြတဲ့ အမေရိကန်စစ်သားတွေထဲမှာ ကောင်းတဲ့လူတွေ ရှိတာမှန်ပေမယ့်၊ မကောင်းတဲ့လူတွေလည်း အများကြီးပါ

မိန်းမပျိုလေးတွေ အသိမ်းပိုက်ခံရတယ်၊ ကလေးတွေလည်း ဒုက္ခရောက်ခဲ့ရတာတွေ ရှိပါတယ်

 

မကောင်းတာလုပ်ခဲ့တဲ့ အမေရိကန်တွေဟာ စစ်စခန်းတွေထဲဝင်ပြေးရင် အမေရိကန်ဘက်က ကာကွယ်ပေးပါတယ်

အဲ့ဒီလိုဆိုတော့ ဂျပန် လို့ပြောလို့ရသေးရဲ့လား?

စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်တဲ့ Okinawa

ဒါကို နားလည်နိုင်ပါတယ်

 

ဒါပေမယ့် အမေရိကန်တို့ ဂျပန်တို့အတွက် ဒိုင်း အနေနဲ့အသုံးချခံခဲ့ရတာကတော့၊ Okinawa နယ်သားတွေအတွက် လက်ခံနိုင်ဖွယ်မရှိပါဘူး

ဂျပန်နိုင်ငံအတွက် အသုံးချခံသက်သက် နေရာတစ်ခုဖြစ်ခဲ့တာပါ

အနစ်နာခံခဲ့ရတဲ့ Okinawa ပါ

 

ဂျပန်လက်ထဲပြန်ထည့်လိုက်တာကရော Okinawa နယ်သားတွေအတွက် စဥ်းစားပြီးလုပ်ပေးခဲ့တာလားဆိုတာကို စဥ်းစားရင်း ဒီနှစ် ၅၀ ပြည့်တဲ့ အမှတ်တရအနေနဲ့ ဆက်လုပ်ဆောင်သွားသင့်တယ်ထင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: