အိုဟုခု ဆိုတဲ့ စီရင်စုတစ်ခုကို အုပ်ချုပ်သူရဲ့ ကြင်ယာတော်ဟာ ဒီလောက်အထိ ဆိုးဝါးခဲ့တယ်!?

ဂျပန်အမျိုးသမီးတွေဟာ လူကြီးဆန်ပြီး၊ ကိုယ်ကြိုက်နေတဲ့သူကိုတောင် ဖွင့်မပြောရဲကြဘူးလို့ ရှေးတုန်းကပြောပေမယ့် အဲ့ဒီလိုလည်း မဟုတ်ပြန်ပါဘူး

 

မြင်သမျှယောက်ျားနဲ့ ကြိုက်ခဲ့တယ်လို့တောင် ထင်ရတဲ့ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့လို့ပါပဲ

သူ့ဘဝဇာတ်ကြောင်းကို ကြည့်ကြည့်လိုက်ရအောင်

 

အခုခေတ် အအိချိစီရင်စုကို ရှေးတုန်းက အိုဝရိ လို့ခေါ်ခဲ့ပြီး တိုခုဂဝ ဆုနနရိ ကအပိုင်စားရခဲ့ပါတယ်

သူ့ရဲ့မောင်းမဖြစ်သူက အခုပြောပြမယ့် ဇာတ်လိုက်မေပါပဲ

 

တော်တော်လေးလှတယ်လို့ ပြောကြပေမယ့်၊ သူမရဲ့ လိင်ဆန္ဒမက်မောစိတ်က လွန်ကဲပြီး၊ မြင်သမျှယောက်ျားတစ်ယောက်ချင်းစီတိုင်းကို နှိုက်မြည်းခဲ့လို့ သမိုင်းတွင်အောင် ပြောစမှတ်ပြုခံခဲ့ရတာပါ

 

သူမဟာ တိုခုဂဝ ဆုနနရိရဲ့ ဒုတ်ယမြောက်မိန်းမဖြစ်လာပြီး ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၂ ယောက်မွေးထားပါတယ်

သားတစ်ယောက်က ဆက်ခံသူဖြစ်လာပြီး အိမ်တော်ကနေ ထွက်သွားပြီးတဲ့နောက်မှာတောင် အုပ်ချုပ်မှုအပိုင်းမှာပါဝင်နိုင်ခဲ့ပါတယ်

ဒါက သောင်းကျန်းဖို့လမ်းစတာပါပဲ

 

အဲ့ဒီအချိန်လောက်ကတည်းက သူမရဲ့ လိင်စိတ်ဟာ ထကြွသောင်းကျန်းနေခဲ့တာပါ

မြို့ထဲသွားရင်း တွေ့တဲ့သူ၊ ပြဇာတ်ကြည့်ရင်း ကြိုက်တဲ့သရုပ်ဆောင်၊ အလုပ်မှာတွေ့တဲ့ အရာရှိ၊ ဆူမိုနပန်းသမားပါမချိန်ပါဘူး

ကိုယ်ခဒ္ဓာအနေအထား၊ စရိုက်လက်က္ခဏာတွေ ဘယ်လိုပဲဖြစ်နေနေ ကြိုက်တဲ့သူတွေ့ပြီဆိုတာနဲ့ တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်ပျော်ပါးခဲ့ပါတယ်

ဒီလို အချစ်ကွန်ယက်? နေပါဦး sex မှီခိုရောဂါလို့ပြောရမလား? ရှိနေတာကြောင့် ခဏခဏကိုယ်ဝန်ရှိနေခဲ့ပါတယ်

သခင်တစ်ယောက်ရဲ့ ကြင်ယာတော်က တွေ့ရာလူနဲ့ ဖြစ်ချင်သလိုဖြစ်၊ မွေးချင်တဲ့အခါမွေးဆိုလို့ကတော့ မဖြစ်သေးဘူးဆိုပြီး သမားတော်က ကိုယ်ဝန်ဖြတ်ချပေးခဲ့ရပါတယ်

သို့သော်…အဲ့ဒီဆရာဝန်နဲ့ပါ ပတ်သတ်နေတာပါတဲ့

 

သူမရဲ့ ခင်ပွန်းဖြစ်သူဟာ အဲ့ဒီခေတ်ကဂျပန်ကိုအုပ်ချုပ်တဲ့ တိုခုဂဝအိမ်တော်တဲ့ သွေးသားတော်စပ်ခဲ့ပါတယ်

အဲ့ဒီတော့ ဒီလိုလူရဲ့ ကြင်ယာက ဒီလိုအခြေအနေနဲ့ဆိုတော့ လူကြားမကောင်းလို့ အိမ်ထဲမှာအကျယ်ချုပ် ချထားလိုက်ရပါတော့တယ်

ဘယ်သူနဲ့မှ လိင်ဆက်ဆံလို့မရတော့တဲ့ သူမဟာအဲ့ဒီအချိန်မှာ ၄၂ နှစ်ရှိနေပါပြီ

ဘယ်လိုမှမနေနိုင်တော့တဲ့ အဆုံးမှာ ခြံထဲမှာသစ်ပင်နဲ့ တစ်ကိုယ်ရည်အာသာဖြေပါတော့တယ်

ဒါနဲ့လည်း မကျေနပ်ပြန်တော့ သစ်ပင်ပေါ်တက်ပြီး မကြားဝံ့တဲ့အသံတွေနဲ့ အော်နေခဲ့ပါတယ်

စိတ်ဖောက်ပြားသွားပြီး အကျယ်ချုပ်ကျရက်နဲ့ပဲ ၇၅ နှစ်မှာ ဆုံးပါးသွားခဲ့ပါတယ်

 

တော်တော်ဆိုးဝါးတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာပါပဲ

ဘယ်လောက်လှခဲ့လဲဆိုတာ သိချင်မိပါရဲ့

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: