ယောကျ်ားနဲ့ ဖောက်ပြန်တဲ့မိန်းမကို နာအောင် ရိုက်ပစ်! ဂျပန်သမိုင်းမှာ ရှိခဲ့တဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု!

ယောက်ျားဆိုတဲ့အမျိုးက ဘာမှမလုပ်ရရင် ဖောက်ပြန်လိုက်ကြတဲ့အမျိုးလေ ဆိုပြီး အပြောခံရပါတယ်

ကျွန်တော်လည်း ယောကျ်ားတစ်ယောက်ဆိုတော့ ဒီလိုမျိုး အပြောခံရရင် ဘယ်လိုပြောပြရမှန်းမသိတဲ့ ခံစားချက်ကို ခံစားရတယ်

ဒါပေမယ့်လည်း သက်ရှိအနေနဲ့ စဥ်းစားကြည့်ရင်တော့ ဒီလိုဖြစ်တတ်တဲ့ သဘောပါပဲ

အကုန်လုံး ဒီလိုပဲလား ဆိုတာကတော့ သပ်သပ်ပေါ့

 

ဒါဆိုရင် ယောကျ်ားကဖောက်ပြန်သွားရင် သင်ဆိုရင် ဘာလုပ်မလဲ?

  • ယောက်ျားကို ရိုက်မယ်
  • ယောက်ျားနဲ့ ဖောက်ပြန်တဲ့မိန်းမကို ရိုက်မယ်

 

အမျိုးသမီးအများစုကတော့ အရင်ဆုံး ယောက်ျားနဲ့ ဖောက်ပြန်တဲ့မိန်းမကို ရိုက်တတ်ကြတဲ့ပုံပါပဲ

ဂျပန် အမျိုးသမီးတွေကတော့ လူကြီးဆန် ရင့်ကျက်တဲ့သူများတယ် လို့တွေးနေကြမလား မသိပေမယ့် အဲ့ဒီလိုမဟုတ်ပါဘူး

သမိုင်းတွင်ကျန်ခဲ့တဲ့ ဖောက်ပြန်တဲ့သူကို ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်ကို ကြည့်ကြည့်လိုက်ပါ

 

ခေတ်က မင်းမျိုးမင်းနွယ်တွေရဲ့ခေတ်ဖြစ်တဲ့ ဟေးအန်းခေတ်

၁၀၁၀ခုနှစ် ဖေဖော်ဝါရီလမှာ

အမျိုးသား အမျိုးသမီး အယောက် ၃၀ ဟာ အိမ်တော်ကြီးတစ်အိမ်ထဲ ပြေးဝင်ပြီး အကြိမ်ကြိမ် ဖျက်ဆီး လုယက်မှု လုပ်ဆောင်ခဲ့ပါတယ်

https://mag.japaaan.com/archives/170102

 

 

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါ

မှုခင်းဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲ?

 

ဖောက်ပြန်တဲ့သူကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာပါ

ဒီဖောက်ပြန်တဲ့သူ ၂ယောက်လုံးကလည်း အိမ်ထောက်သည်ဖြစ်နေတော့ နှစ်ဖက်စလုံး ပြဿနာတွေ ရှုပ်ထွေးခဲ့ပါတော့တယ်

 

ပြီးတော့ တိုက်ခိုက်ဖို့ ခိုင်းခဲ့တာက မိန်းမကမဟုတ်ဘဲ ခင်ပွန်းရဲ့ အမေ

ဒါတောင်မှ စည်းကမ်းမဲ့တဲ့ ယောကျ်ားတွေက ဖောက်ပြန်ကြတုန်းပါပဲ

 

ကိုယ့်ကိုမရိုက်တာကြောင့် စောင့်ထိန်းစရာမလိုဘူး လို့တွေးကြတာများလား?

၁၀၂၀ခုနှစ် ဖေဖော်ဝါရီလ၊ ဒီတစ်ကြိမ်မှာ ယောကျ်ားဖြစ်သူက ဖောက်ပြန်ဖက်ရည်းစားဖြစ်သူကို ၎င်း၏အိမ်ကို ခေါ်လာတာကြောင့် အုပ်စုလိုက်ဝိုင်းရိုက်ကြတော့တာပါ

သေသေချာချာ ထိထိမိမိ ရိုက်ပစ်

ဆိုပြီး အော်ပြီးဝင်လာကြတဲ့ ယောက်ျား မိန်းမ အများအပြား။

 

ယောကျ်ားဖြစ်သူလည်း တော်တော်လေး လန့်သွားပုံရပါတယ်

 

ဒီလို ဖောက်ပြန်တဲ့ရည်းစားကို တိုက်ခိုက်ခြင်းကို ဒုတိယမယား လုပ်ကြံခြင်း (Uwanariuchi) လို့ခေါ်ပါတယ်

အဲဒီလို စကားလုံးရှိလောက်တဲ့အထိ ဖောက်ပြန်မှုတွေ များခဲ့တယ်လို့ ထင်ပါတယ်။

 

ဒီနောက်ပိုင်းမှာတော့ ဒီယောကျ်ား ထပ်ပြီးဖောက်ပြန်တာမျိုး မှတ်တမ်းမရှိတော့ပါဘူး

 

ဒါပေမယ့် ဒီလိုယောကျ်ားမျိုးကို စွန့်ပစ်လိုက်တာက ပိုမကောင်းဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: