ဆာမူရိုင်းတွေ ကျရှုံးရတဲ့အကြောင်းအရင်း?

ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ဆာမူရိုင်းတွေက ဂျပန်နိုင်ငံကို အုပ်စိုးဖို့အတွက် တိုက်ပွဲဝင်ကြတဲ့ တိုက်ပွဲခေတ်ကို ထိန်းချုပ်ဦးဆောင်လိုက်တဲ့ တိုခုဂဝ အိအဲယဆု။

အဲ့ဒီကနေ နှစ်ပေါင်း ၄၀၀ လောက်ကြာတဲ့ ငြိမ်းချမ်းတဲ့ခေတ် အဲဒိုခေတ်ရောက်ရှိလာခဲ့ပါတယ်။

ဟုတ်ပါတယ် အဲဒိုခေတ်ဟာ ဆာမူရိုင်းတွေရဲ့ နောက်ဆုံးခေတ်ဖြစ်ပေမယ့် နောက်ဆုံးတိုက်ပွဲကတော့ ဘိုးရှင်းတိုက်ပွဲလို့ခေါ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။

https://mag.japaaan.com/archives/162298

ဘာလို့ အဲဒိုဘခုဖုက ဖြုတ်ချခံခဲ့ရတာလဲ?

ဂျပန်လူမျိုးတွေကတော့ ဒီလိုတွေးခဲ့ပါတယ်။

“ အဲဒိုဘခုဖုတွေဟာ ဆာမူရိုင်း နဲ့ ဓားကိုပဲ အထူးပြုကြပြီး နောက်ဆုံးပေါ်လက်နက်တွေကို အနိုင်မယူနိုင်ခဲ့ဘူး”

လို့ တွေးကြပေမယ့် အမှန်ကတော့ အဲ့လိုမဟုတ်ပါဘူး။

အများစုက ဥရောပခေတ်သမိုင်းနဲ့ နှိုင်းယှဥ်ကြပေမယ့် ဆာမူရိုင်းခေတ်ဖြစ်တဲ့ အဲ့ဒိုခေတ်ကို အလယ်ခေတ်၊ အဲ့ခေတ်နောက်ပိုင်း မဲဂျိခေတ်ကလည်း ခေတ်သစ်မဟုတ်ပါဘူး။

အဲ့ဒီခေတ်ရဲ့ အဲဒိုဘခုဖုစစ်တပ်ဟာ နောက်ဆုံးပေါ်လက်နက်တွေ တပ်ဆင်ထားရှိပါတယ်။

ရေတပ်မှာဆိုရင် ပြည်ပမှ စစ်သင်္ဘော ၄၄ စင်းဝယ်ယူပြီး နောက်ဆုံးပေါ်သေနတ် ၁၀,၀၀၀ ရှိသည့် တပ်မတော်ဟာ ပြင်သစ်စစ်တပ်အကြံပေးအဖွဲ့ကိုလည်း ငှားရမ်းထားခဲ့ပါတယ်။

နိုင်ငံခြားနဲ့ ယှဉ်တိုက်ရင်တောင် မရှုံးနိုင်လောက်မယ့် စစ်တပ်ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘခုဖုကို အနိုင်တိုက်မယ်လို့ ကျုံးဝါးထားသူများက အခုခေတ်နဲ့ပြောရမယ်ဆိုရင် ညွှန့်ပေါင်းအဖွဲ့ ၂ခု၊ ၃ ခုလောက်ပေါင်းထားတဲ့အဆင့်လောက်ရှိပါတယ်။

ဘယ်လိုပဲ စဥ်းစားစဥ်းစား ရှုံးစရာအကြောင်းမရှိတဲ့အခြေအနေပါ။

ဒီလိုအင်အားအဆမတန်ကွာခြားတဲ့အခြေအနေမှာ စတင်ခဲ့တဲ့ ဘိုးရှင်းစစ်ပွဲ။

ဒါပေမယ့် ဘခုဖုတို့ဟာ ရှုံးနိမ့်ခဲ့ပါတယ်။

သေသေချာချာ တိုက်ပွဲဝင်ရင် ဘခုဖုတို့က အနိုင်ရမှာဖြစ်ပေမယ့် ဘာလို့ရှုံးနိမ့်သွားခဲ့တာလဲ?

အဲ့ဒါက အခုထိ ဂျပန်နိုင်ငံသမိုင်းမှာ ဆန်းကြယ်မှုကြီးတစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

စစ်သူကြီးချုပ် တိုခုဂဝ ယိုရှိနို့ဘုက လက်နက်အမြန်ချလိုက်တာကြောင့်လို့ ဆိုကြပေမယ့် စစ်ပွဲအခြေအနေက ပိုဆိုးလာတဲ့အတွက် လက်နက်ချလိုက်တယ်လို့ထင်မြင်ကြပြီး ဒီလိုစစ်လက်နက်အင်အားကွာခြားမှုကြောင့် ရှုံးခဲ့ရတာလည်း မဟုတ်ပါဘူး။

တစ်ယောက်ယောက်က တစ်နေရာရာမှာ သစ္စာဖောက်လို့ကြောင့်လားတော့ မသိပါဘူး။

တစ်ခု ပြောနိုင်တာကတော့ ဆာမူရိုင်းခေတ်ကုန်ဆုံးလို့ ဂျပန်နိုင်ငံရဲ့ အလယ်ခေတ်ကုန်ဆုံးသွားတာမဟုတ်ဘဲ ဆာမူရိုင်းခေတ်မှာ ခေတ်မှီပြီးသားဖြစ်တဲ့အရာတွေကို နောက်ပိုင်းမှာ မဲဂျိအစိုးရက လက်လွှဲပြောင်းယူလိုက်တာဖြစ်ပါတယ်။

ဆာမူရိုင်းတွေက နောက်ဆုံးပေါ်လက်နက်တွေ ပိုင်ဆိုင်ထားရှိတယ်လို့တွေးရင် နည်းနည်းထူးဆန်းသလိုဖြစ်မှာဖြစ်ပေမယ့် ဒီထူးခြားမှုက တစ်ခြားနိုင်ငံတွေမှာမရှိဘဲ ဂျပန်နိုင်ငံမှာပဲရှိလို့ နည်းနည်းမိုက်သလိုဖြစ်နေမလားတောင်မသိပါဘူး။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: