Tokugawa Ieyasu (သို့မဟုတ်) အာဏာရှင်နေရာတွင် ဖျာဝင်ခင်းသူ။ ဘာကြောင့်လူတွေမုန်းကြတာလဲ?

ဂျပန်သမိုင်းကြောင်းမှာ အအောင်မြင်ဆုံးအမျိုးသားကို ဘာကြောင့်ဂျပန်လူမျိုးတွေမုန်းကြတာလဲ? ဆိုတာကိုသိပါသလား။ ထိုပုဂ္ဂိုလ်ကတော့ 徳川家康(とくがわ いえやす)ပဲဖြစ်ပါတယ်။

https://www.gqjapan.jp/culture/column/20160916/the-spirit-of-the-founder-of-tokugawa-shogunate

ခေတ်ကာလမှာ ဧကရာဇ်ကို ဂျပန်ရဲ့ထိပ်ဆုံးမှာတင်မြောက်ထားသော်လည်း ယခုကဲ့သို့စီရင်စုတွေလိုမျိုးအတိုင်းအတာနဲ့ နိုင်ငံငယ်လေးတွေပိုင်းခြားပြီး၊ နယ်မြေလုရေးအတွက်မကြာမကြာတိုက်ခိုက်နေကြတဲ့ ဆာမူရိုင်းတို့အထွတ်အထိပ်ရောက်ချိန် Sengoku ခေတ်ဖြစ်ပါတယ်။ တစ်ဦးချင်းစီက ဂျပန်နယ်မြေတစ်ခုလုံးကို စိုးမိုးနိုင်ရေးအတွက် အပြင်းအထန်တိုက်ခိုက်နေကြရင်း နောက်ဆုံး တကယ့်အချုပ်အခြာအာဏာကိုရရှိခဲ့တာကတော့ ဒီပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။

လက်ရှိတိုကျိုကို အဲဒိုလို့ခေါ်လိုက်ပြီးနေရာအခြေချကာ၊ အဲ့ဒီနောက်၎င်းရဲ့မြေးအစဉ်အဆက်က နှစ်ပေါင်း ၂၆၀ ခန့်ကြီးစိုးပြီး အဲဒိုခေတ်ကိုတည်ထောင်ခဲ့ပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ယနေ့ခေတ်အဲဒိုရဲ့ အစအဦးကိုဖန်တီးခဲ့တာဟာ ဒီပုဂ္ဂိုလ်လို့ ပြောလို့ရပါတယ်။ ခေတ်တစ်ခေတ်တည်းနဲ့ ဒီလောက်အချုပ်အခြာအာဏာမြဲတာဟာ ဂျပန်သမိုင်းမှာ နှစ်ယောက်မရှိဘူး။ ဒီအပြင် ကမ္ဘာကနေကြည့်ရင်တောင် ရှားပါးတဲ့အကြီးအကျယ်အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ် အားကျဖို့ကောင်းပါတယ်။
သို့သော်လည်း ဂျပန်လူမျိုးတွေကတော့ သူ့ကိုမကြိုက်ကြပါဘူး။
ဒရမ်မာနဲ့ဝတ္ထုတွေမှာ ဗီလိန်အဖြစ်အများဆုံးပါဝင်ရပြီး၊ ဘယ်သူမှဇာတ်လိုက်နေရာမှာ မထားကြပါဘူး။
ဘာကြောင့်လဲလို့ပြောရရင် ဂျပန်လူမျိုးထဲမှာ Tokugawa Ieyasu ကိုကြိုက်သူ နည်းလို့ပဲဖြစ်ပါတယ်။

မုန်းတယ်ဆိုတာထက် မကြိုက်တာ၊ သိပ်ပြီးစိတ်ဝင်စားဖို့မကောင်းဘူး လို့ပြောရင် ပိုမှန်ပါတယ်။ အကြီးအကျယ်အောင်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်နေတာတောင်မှပေါ့…..

အကယ်၍ သင့်မိတ်ဆွေထဲမှာ ဂျပန်လူမျိုးရှိမယ်ဆို အရမ်းကြိုက်တဲ့ဆာမူရိုင်းတစ်ယောက်ကို ပြောပြပါလို့မေးကြည့်လိုက်ရင် Tokugawa Ieyasu ပါလို့ဖြေမယ့်သူ ရှိမယ်လို့တောင်မထင်ပါဘူး။
အကြောင်းအရင်းကတော့ ဒါကြောင့်ပဲဖြစ်ပါတယ်။

“ ငြီးငွေ့ဖို့ကောင်းတယ်”

ဒီလိုပြောရင်တော့ ရိုင်းတယ်လို့ထင်ရပါတယ်…
ကမ္ဘာကနေကြည့်ရင်လည်း နှစ်ပေါင်း ၂၆၀ ကျော် ငြိမ်းချမ်းတဲ့ခေတ်ကို တည်ထောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကို ငြီးငွေ့ဖို့ကောင်းတယ်လို့ပြောတာကတော့ လွန်တယ်လို့ ထင်နိုင်ပါတယ်။

ဒါဖြင့် ဘယ်လိုငြီးငွေ့ဖို့ကောင်းသလဲဆိုတာကို ပြောပြသွားပါမယ်။

၁။ အဆင်သင့်လေးကောက်စားတတ်သူ?
ဂျပန်တစ်နိုင်ငံလုံးကဆာမူရိုင်းတွေ တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်နေကြတဲ့အချိန်ကာလဖြစ်ပါတယ်။
ထိုအချိန် ပြိုင်ဘက်ကင်းပြီး ရန်သူမရှိတာကတော့ 武田信玄 Takeda Shingen ဆိုတဲ့ဆာမူရိုင်းဖြစ်တယ်။
ဒါပေမဲ့ ဒီဆာမူရိုင်းဟာ ရောဂါနဲ့ဆုံးပါးပြီး အဲ့ဒီနောက်တက်လာတာကတော့ 織田信長 Oda Nobunaga ဆိုတဲ့ဆာမူရိုင်းဖြစ်ပါတယ်။
နှစ်ယောက်လုံးဟာ အားကြီးတဲ့ဆာမူရိုင်းလို့ခေါ်ရလောက်အောင် တိုက်ရည်ခိုက်ရည်မှာ အလွန်တော်ကြသူတွေဖြစ်တယ်။ ဒါကြောင့်လည်း အလွန်နာမည်ကြီးပါတယ်။

တစ်ဖက်မှာတော့ ဒီဆောင်းပါးရဲ့ဇာတ်လိုက်ဖြစ်တဲ့ 家康 Ieyasu ရဲ့နောက်ကြောင်းကတော့ ဒီလိုဖြစ်ပါတယ်။
ကလေးဘဝမှာ ဖခင်ဖြစ်သူကြောင့် မဟာမိတ်နိုင်ငံသို့ ဓားစာခံအဖြစ်ခေါ်ဆောင်သွားခံရပြီး၊ ၎င်းမိတ်ဆွေက သစ္စာဖောက်ကာ အခြားဆာမူရိုင်းတစ်ယောက်ထံ Ieyasu ကိုရောင်းစားလိုက်ပါတယ်။ ဖခင်ကိုခြိမ်းခြောက်ဖို့ လူကြီးတွေရဲ့ရုပ်သေးရုပ်ပမာနေခဲ့ရပြီး၊ အသက် ၁၉ နှစ်ရောက်တဲ့အခါမှာတော့ လွှတ်ငြိမ်းခွင့်ရရှိသွားပါတယ်။

သူ့ဘဝ ဆိုးလှချည်းရဲ့လို့ တွေးမိပေမဲ့ တကယ်တော့အထင်နဲ့အမြင်တစ်ခြားစီပါပဲ။
ထိုအချိန်က အင်အားအကြီးဆုံးဆာမူရိုင်းဖြစ်တဲ့ 織田信長 Oda Nobunaga ရဲ့လက်အောက်ကိုဝင်ပြီး၊ Nobunaga ရှုံးနိမ့်သွားချိန်မှာတော့ နောက်ထပ် အင်အားကြီးသူ 豊臣秀吉Toyotomi Hideyoshi ဆာမူရိုင်းရဲ့လက်အောက်ကို ကူးပြောင်းသွားပါတယ်။

Hideyoshi သေဆုံးပြီးနောက် Hideyoshi ရဲ့ဆက်ခံသူကိုဆန့်ကျင်ပြီး ဂျပန်ကို ၂ ပိုင်းကွဲစေလောက်တဲ့ တိုက်ပွဲကြီးကိုဖန်တီးခဲ့ပါတယ်။
ဒါဟာ ဂျပန်လူမျိုးတွေသိကြတဲ့ Tokugawa Ieyasu ရဲ့တစ်ခုတည်းသော တိုက်ပွဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာအလွန်ပြင်းထန်ခဲ့ပေမဲ့၊ သခင်သေတဲ့အခါ ပုန်ကန်ထကြွတဲ့ပုံစံမျိုး မြင်ရသလို၊ ဒီပွဲမှာ Ieyasu ကိုယ်တိုင်ဝင်မတိုက်ဘဲ ၎င်းရဲ့လက်အောက်လူတွေကသာ အသေအကြေ ကြိုးစားတိုက်ခိုက်ခဲ့ရတဲ့ပုံစံမျိုး မြင်ရပါတယ်။ တိုက်ပွဲမှာ Ieyasu ဘက်ကအနိုင်ရရှိခဲ့တယ်။

တစ်နည်းအားဖြင့် ကစားပွဲမှာဝင်မကစားဘဲ အချိန်ကောင်းရောက်မှ အဆင်သင့်ကောက်စားလိုက်တာမျိုး မဟုတ်ပါသလား?
ဒီလိုနဲ့ဂျပန်ကိုရရှိသွားပါတယ်။ လွယ်တယ်လို့တော့မထင်ရပေမဲ့၊ ပျင်းဖို့တော့ကောင်းပါတယ်။

 

၂။ ရက်စက်ပုံပေါ်ခြင်း။
ဂျပန်လူမျိုးဆိုတာထက် ဆာမူရိုင်းလို့ပြောလိုက်ရင် တာဝန်သိတတ်စိတ်လူသားချင်းစားနာစိတ်နဲ့ သံယောဇဉ် စတဲ့အချက်တွေပြင်းပြသူက များပါတယ်။ တစ်စုံတစ်ယောက်အတွက် တိုက်ခိုက်ပြီးအသက်ပေးသွားတယ်၊ မိမိကိုယ်ကိုအနစ်နာခံပြီး လူတွေကိုကယ်တင်တယ်၊ လက်အောက်ငယ်သားတွေဆီကနေ လေးစားမြတ်နိုးခြင်းခံရတယ် ဒီလိုအချက်တွေကို အားလုံးကသဘောကျကြပါတယ်။

သို့သော် Ieyasu ကတော့ ရက်စက်တဲ့ပုံမျိုး ပိုပြီးပေါ်လွင်ပါတယ်။

မဟာမိတ်အဖြစ် မိတ်ဆွေဖွဲ့ထားတဲ့သူငယ်ချင်းက Oda Nobunaga ကိုရှုံးသွားတဲ့အတွက် ချက်ချင်းသစ္စာဖောက်ပြီး Oda Nobunaga နဲ့ မိတ်ဆွေသွားဖွဲ့လိုက်တယ်။

Oda Nobunaga သေဆုံးတဲ့အခါ Toyotomi Hideyoshi  ဆီရောက်သွားတယ်။
Hideyoshi  သေဆုံးတဲ့အခါမှာတော့ ပုန်ကန်ထကြွပြီး ဂျပန်ကိုရရှိသွားပါတယ်။

ဂျပန်လူမျိုးတွေအရမ်းသဘောကျတဲ့ တာဝန်သိစိတ်လူသားချင်းစာနာစိတ်သံယောဇဉ် စတဲ့အချက်တစ်ချက်မှာ မရှိသူဖြစ်ပါတယ်။

 

၃။ မျက်နှာသွင်ပြင်။

မျက်နှာကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရတာသိပေမဲ့၊ ဥပဓိရုပ်ဆိုတာကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
အပြင်းအထန်တိုက်ခိုက်တတ်တဲ့ 織田信長 Oda Nobunaga မှာ ခက်ထန်ပြီးတည်ကြည်တဲ့မျက်နှာမျိုးရှိတယ်။
သေတဲ့အထိ ရှုံးပွဲမရှိခဲ့တဲ့ 武田信玄Takeda Shingen ရဲ့မျက်နှာကိုတော့ တကယ်ကိုအရှိန်အဝါကြီးတဲ့ပုံစံမျိုးနဲ့ ရေးဆွဲထားပါတယ်။

တစ်ဖက်က Ieyasu ကတော့ သူ့ရဲ့ပန်းချီတိုင်းက ဒီလိုပုံစံသာဖြစ်ပါတယ်။
ရုံးအပြန်ရထားပေါ်မှာ သူတစ်ယောက်တည်း ရထားစီးနေတဲ့ပုံစံမျိုးပဲ။

အင်အားကြီးတဲ့ပုံစံမျိုး၊ လေးစားအားကျဖွယ်ပုံစံမျိုး တစ်ခုမှမခံစားရပါဘူး။
ဒါမှမဟုတ် ပန်းချီဆရာကပဲ အကျင့်ယုတ်ပြီးဆွဲထားတာလား?

 

၄။ ဘဝနှင့်ဇာတ်ကောင်သည် တစ်ပိုင်းတစ်စသာ ပါဝင်ခြင်း။
ဘဝနောက်ကြောင်းနဲ့ ဇာတ်ကောင်ဟာ လုံးဝပျင်းစရာကောင်းနေပါတယ်။ 豊臣秀吉 Toyotomi Hideyoshi ဆိုရင် လယ်သမားမျိုးရိုးရလာပေမဲ့၊ 織田信長 Oda Nobunaga ကိုအားကျပြီးအမီလိုက်ကာ နောက်ဆုံးမှာ ဂျပန်နံပါတ်တစ် ဆာမူရိုင်းဖြစ်လာခဲ့ပါတယ်။ ချစ်သူ၊မုန်းသူရှိပေမဲ့ သူ့ဘဝသူ့ဇာတ်လမ်းကတော့ နှစ်ယောက်မရှိဘူး မဟုတ်ပါသလား။
家康Ieyasu ဟာ အသက် ၁၉ နှစ်အထိ ဓားစာခံအဖြစ်ကြီးပြင်းလာခဲ့တဲ့အတွက် ဇာတ်ရှိန်တက်စရာအပိုင်းမျိုး သူ့ဘဝမှာမရှိပါဘူး။

ဇာတ်ကောင်အနေနဲ့ပြောရင်လည်း လက်အောက်ငယ်သားတွေကိုတန်ဖိုးထားတဲ့ 武田信玄Takeda Shingen နဲ့ ချက်ချင်းဒေါသထွက်လွယ်တဲ့ 織田信長Oda Nobunaga လိုမျိုးထူးခြားချက်တွေလည်း Ieyasu မှာမရှိပါဘူး။
ဟုတ်ပါတယ်။ ပျင်းစရာကြီးပါ။

 

၅။ တိုက်ခိုက်နိုင်မည့်ပုံမျိုးမရှိခြင်း။

ဆာမူရိုင်းဖြစ်တဲ့အတွက် အားကျဖွယ်ကောင်းစွာတိုက်ခိုက်ပုံမျိုးကို မျှော်လင့်ကြပါတယ်။
အသက်ပေးပြီးအနစ်နာခံသွားတဲ့မိတ်ဆွေအတွက် တိုက်ခိုက်ခဲ့တဲ့ 真田幸村Sanada Yukimura နဲ့ လူကောင်ထွားတဲ့ 前田慶次Keiji Maeda တို့လို့မျိုး၊ တိုက်ရည်ခိုက်ရည် ဆရာကျမှုမျိုးလည်း မရှိဘူး။
အားလုံးသိကြတာကတော့ ဉာဏ်နီဉာဏ်နက်များတဲ့အဘိုးကြီး တဲ့….
တိုက်ခိုက်နိုင်မယ့်ပုံမျိုးလည်း လုံးဝမပေါ်ပါဘူး။

ဒီလောက်အထိ Tokugawa Ieyasu ကို ငြီးငွေ့စရာကောင်းတယ်လို့ ပြောကြပေမဲ့၊ သူသာမရှိခဲ့ဘူးဆိုရင်လည်း ယနေ့ဂျပန်ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။
သူနဲ့ သူရဲ့မြေးတို့အုပ်စိုးခဲ့တဲ့ အဲဒိုခေတ်ဟာ ၂၆၅ ခုနှစ်တိုင် အဒွန့်ရှည်ခဲ့ပါတယ်။
ပြဿနာမရှိဘူးရယ်လို့တော့မဟုတ်ပေမဲ့၊ ငြိမ်းချမ်းတဲ့ခေတ်မပေါ်ထွန်းခဲ့ရင် တိုင်းပြည်ယဉ်ကျေးမှုလည်း ထွန်းကာလာမှာမဟုတ်ပါဘူး။
ဆူရှီ၊ Kabuki၊ ရုပ်ရှင်နှင့်ဆူမို အစရှိတဲ့ယဉ်ကျေးမှုတွေ ပေါ်ပေါက်ထွန်းကာလာခဲ့တာဟာ ငြိမ်းချမ်းတဲ့အဲဒိုခေတ် ပေါ်ထွန်းခဲ့လို့ပဲဖြစ်ပါတယ်။

ဒီလိုစဉ်းစားပြန်တော့လည်း၊ ဒီပုဂ္ဂိုလ်ကိုနည်းနည်းတော့ ကျေးဇူးတင်ရသလိုရှိတယ်။
စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: