အတူတူတိုက်ခိုက်ပြီး နောက်ဆုံးမှာ(သူပုန်)ဖြစ်သွားတဲ့ နောက်ဆုံးဆာမူရိုင်း။ Saigo Takamori
ခေတ်သစ်ကိုတည်ထောင်ပြီး ပုန်ကန်ကာ၊ ဒီအပြင် နောက်တစ်ကြိမ်သူရဲကောင်းအဖြစ် လက်ခံခြင်းခံရလာတဲ့ ဂျပန်နောက်ဆုံးဆာမူရိုင်း Saigo Takamori !!
Tokyo Ueno မှာ သူ့ရဲ့ကြေးရုပ်တုဟာ တိတ်ဆိတ်စွာတိုကျိုမြို့ကို ကြည့်နေဟန်ရှိပါတယ်။
ထိုကြေးရုပ်တုမှာ ဆိတ်ငြိမ်စွာမြင်ရတဲ့ သူ့ရဲ့ခမ်းနားတဲ့ဘဝဇာတ်ကြောင်းကို ပြောပြပေးပါမယ်။
စာဖတ်သူတို့အားလုံးသိကြတဲ့အတိုင်း ဂျပန်မှာဧကရာဇ်ဟာ အမြင့်ဆုံးနေရာမှာရှိနေပေမဲ့၊ ဆာမူရိုင်းခေတ်မှာ အာဏာကိုအမှန်တကယ်ဆုတ်ကိုင်ထားကြတာကတော့ ဆာမူရိုင်းတွေသာဖြစ်ပါတယ်။
အဲ့ဒီလိုဆာမူရိုင်းခေတ်ရဲ့နောက်ဆုံးအချိန်ဟာ Tokugawa မိသားစုအုပ်ချုပ်နေတဲ့ အဲဒိုခေတ်ကာလဖြစ်ပါတယ်။
နှစ်ပေါင်း ၂၆၀ ခုနှစ်တိုင် ကြာရှည်တဲ့ဆာမူရိုင်းခေတ်မှာ တော်လှန်ရေးကိုယူဆောင်လာခဲ့တာကတော့ အနောက်နိုင်ငံတွေပဲဖြစ်ပါတယ်။
ဉရောပနိုင်ငံတွေဟာ ဂျပန်လူမျိုးတွေတောင်မမြင်ဖူးတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ရောက်လာပြီး၊ လက်နက်အင်အားနဲ့ခြိမ်းခြောက်ကာ နိုင်ငံဖွင့်ဖို့ကိုတောင်းဆိုခဲ့ကြပါတယ်။
ယခုလိုပဲ တိုင်းပြည်ဆက်ပိတ်ထားသင့်လား၊ ဒါမှမဟုတ် အနောက်နိုင်ငံတွေရဲ့တောင်းဆိုချက်အတိုင်း တိုင်းပြည်ဖွင့်သင့်လားဆိုတာရဲ့ ပြင်းထန်တဲ့ဆုံးဖြတ်ချက်ကြားမှာ၊ အဲဒို Shogunate ကိုဖြုတ်ချတဲ့ Shogunate တွေအောင်ပွဲနဲ့အတူ မျက်မှောက်ခေတ်ဂျပန်ကို ရုပ်လုံးပေါ်လာစေခဲ့ပါတယ်။ အဲ့ဒီအထဲမှာ Saigo ဟာ အတက်ကြွဆုံးပါဝင်ခဲ့ပေမဲ့၊ နောက်ဆုံး အစိုးရအသစ်ကိုပြန်တိုက်ခိုက်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
ပြည်တွင်းရေး ပဋိပက္ခဖြစ်နေတဲ့ဂျပန်မှာ Saigo ဟာဘာကိုမြင်လို့ ဘာကိုစဉ်းစားပြီး၊ ဘာကိုရှာဖွေခဲ့တာလဲ?
Saigo ဟာယခင်က လမ်းနှင့်တံတားတွေရဲ့ အရည်အသွေးကိုစစ်ဆေးရတဲ့ ရာထူးနိမ့်အရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်။
သူဟာ အကြိမ်ပေါင်းများစွာ စိုက်ပျိုးရေးမူဝါဒနဲ့ပတ်သက်ပြီး ထင်မြင်ချက်သဘောထားကို အထက်လူကြီးထံတင်ပြသလို၊ ၎င်းလှုပ်ရှားမှုကိုချီးကျူးပြီး အထက်လူကြီးဟာ အဲဒို(ယနေ့ခေတ်တိုကျို) ကိုသွားတဲ့အချိန်မှာ အတူလိုက်ခွင့်ရခဲ့ပါတယ်။ အချိန်တိုလေးမှာတောင် အခြားနယ်မြေကဆာမူရိုင်းတွေနဲ့ ရင်းနှီးခင်မင်မှုကို တည်ဆောက်နိုင်သူဖြစ်ပါတယ်။
ဒီအပြင် ဂျပန်ကိုယခုလိုပုံစံနဲ့ သွားလို့မဖြစ်ဘူးဆိုပြီး ပြုပြင်ပြောင်းလဲရေးကိုကြေငြာကာ၊ ထောက်ခံအားပေးသူ များစွာလည်းရရှိခဲ့ပေမဲ့ စိတ်မကောင်းစရာကတော့ ကျောထောက်နောက်ခံလူတွေဟာသေဆုံးကုန်ပြီး၊ shogunate ရဲ့အာဏာအစစ်အမှန်ကို ရှေးရိုးစွဲဝါဒီအဖွဲ့ကဖြစ်တဲ့ 井伊直弼(いい なおすけ) “ အီနအိုစုခဲ” ဆိုသူကရရှိခဲ့ပါတယ်။
အပြင်းအထန်ဖြိုခွင်းခံရပြီး Saigo ဟာ မိမိကိုယ်ကိုရေနစ်သေဆုံးဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။
ခံစားချက်တွေအလွန်ပေါက်ကွဲထွက်လာပြီး ဆာမူရိုင်းတစ်ယောက်နဲ့တောင်မတူတော့တဲ့ ပုံစံမျိုးဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနောက် Saigo ဟာဝေးလံခေါင်သီတဲ့ကျွန်းတစ်ကျွန်းမှာ ၅ နှစ်လောက်သွားနေခဲ့ပါတယ်။
မိမိရဲ့မျိုးနွယ်စုနဲ့ ဒေသန္တရ အစိုးရထိပ်ပိုင်းတွေကို အမျက်ထွက်စေမိခြင်းကြောင့် အသက် 31 နှစ်မှ 36 အထိ အပြစ်သားအဖြစ် ခံယူရင်းနေထိုင်ခဲ့ပါတယ်။ အဲ့ဒီလိုနေထိုင်ရင်း စဉ်းစားဖို့အချိန်အများကြီးရတဲ့အတွက် Saigo ဟာလက်ရှိဘဝနဲ့ အနာဂတ်မှာဘာလုပ်သင့်လဲဆိုတာကို သေသေချာချာစဉ်းစားပြီး၊ လူသားတစ်ဦးအနေနဲ့ ဘဝရဲ့လေးနက်မှုထွက်ပေါ်လာခဲ့ပါတယ်။
ကျွန်ုပ်မှာလုပ်စရာကျန်နေသေးတဲ့အတွက် ကောင်းကင်ဘုံဟာ ကျွန်ုပ်အသက်ကိုကယ်တင်ခဲ့တယ်။
လုပ်စရာတွေပြီးသွားရင်တော့ ကောင်းကင်ဘုံဟာ အသက်ကိုပြန်ယူသွားမှာပဲမဟုတ်လား။
ဒါဆို ကောင်းကင်ဘုံက ကျွန်ုပ်ကိုအသက်ရှင်ခွင့်ပေးတုန်းမှာ လုပ်ဆောင်ရမယ့်တာဝန်တစ်ခုတော့ရှိရမယ်။
敬天愛人(けいてんあいじん)
သူဟာ ကောင်းကင်ဘုံကို လေးစားပြီး လူတွေကိုချစ်ပါ ဆိုတဲ့စကားတွေနဲ့စာအုပ်ကို ချန်ထားခဲ့ပါတယ်။
https://www.nippon.com/ja/views/b07204/
ဒီအပြင် ၁၈၆၄ ခုနှစ်မှာ Saigo ဟာ မိမိပိုင်ဆိုင်တဲ့ Satsuma ပိုင်နက်ရဲ့ စစ်ဗိုလ်အဖြစ် နိုင်ငံရေးဇာတ်ခုံပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။ မဟာမိတ်တပ်တွေနဲ့အတူ မြောက်ဘက်ကိုခရီးဆက်ပြီး ကျိုတိုကိုပစ်ချကာ နောက်ဆုံးမှာတိုကျို (အဲဒို) သို့ရောက်လာပြီး အဲဒိုမြို့မှာ တိုက်ပွဲမဖြစ်ရဘဲ ရဲတိုက်ကြီးအား သွေးမဲ့ရဲတိုက်ဖွင့်လှစ်ခြင်းဖြင့် အောင်မြင်ခဲ့ပါတယ်။
ဒါကြောင့် အဲဒိုခေတ်ဟာ အဆုံးသတ်သွားပြီး၊ Meiji ခေတ်ဆိုတဲ့ ယနေ့ခေတ်သို့ပြောင်းလဲမှု လမ်းကြောင်းပေါ်ကို ရောက်လာပါတယ်။
ဒီတော်လှန်ရေးမှာ Saigo အပြင် Toshimichi Okubo နှင့် Takayoshi Kido အပါအဝင်သူတို့ ၃ ဦးကို တတိယခေတ်သူရဲကောင်းများလို့ခေါ်ပါတယ်။ သို့သော် ဒီအထဲမှာ Saigo လုပ်ဆောင်ခဲ့တဲ့အခန်းကဏ္ဍက ပိုကြီးမားပြီး၊ သူ့ရဲ့စိတ်အားထက်သန်တဲ့ စည်းရုံးမှုမရှိခဲ့ရင် အဲဒိုမြို့မှာ တိုက်ပွဲဖြစ်သွားခဲ့လိမ့်မယ်လို့ ပြောကြပါတယ်။
Saigo ရဲ့နိုင်ငံရေးသမားတစ်ယောက်အဖြစ် အရည်အချင်းကတော့ Okubo တွေလောက်တော့ မယှဉ်နိုင်ပေမဲ့၊ ဂျပန်နဲ့ ပြည်သူတွေကိုချစ်တဲ့စိတ်ဟာ ပိုပြီးသာလွန်ခဲ့တယ်လို့ဆိုပါတယ်။
ထို့နောက် Meiji အစိုးရသစ်ကိုထူထောင်တဲ့အခါ Saigo ဟာ စစ်ဗိုလ်ချုပ်အဖြစ်တက်လာပါတယ်။
သို့သော် မျက်မှောက်ခေတ်ကိုပြောင်းလဲလာတဲ့ဂျပန်နိုင်ငံထဲမှာ ကိုရီးယားကို သိမ်းပိုက်ဖို့လှုပ်ရှားမှု ပေါ်ပေါက်လာပြီး၊ ထိုအငြင်းပွားမှုမှာရှုံးနိမ့်ကာ Kagoshima ကိုပဲပြန်လာခဲ့ပါတယ်။
အဲ့ဒီနောက် စိုက်ပျိုးရေးကိုဇောက်ချလုပ်ကိုင်ပြီး သဘောကျတဲ့အမဲလိုက်ခြင်းနဲ့ မွေးရပ်မြေမှာ ဘဝကိုအေးချမ်းစွာဖြတ်သန်းခဲ့ပေမဲ့၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆွယ်မှုကြောင့် ၁၈၇၇ ခုနှစ်မှာ အစိုးရကိုပြန်ပုန်ကန်တဲ့ Satsuma ပုန်ကန်မှုကို အစပြုလိုက်ပါတယ်။
နောက်ပြီး ထိုစစ်ပွဲမှာရှုံးနိမ့်ကာ အသက် ၄၉ နှစ်မှာ မိမိကိုယ်ကိုသတ်သေသွားပါတော့တယ်။
ဒီစစ်ပွဲဟာ ဂျပန်မှာဖြစ်ပွားတဲ့ နောက်ဆုံးပြည်တွင်းစစ်လည်းဖြစ်ပါတယ်။
မင်းသား Tom Cruise ပါဝင်သရုပ်ဆောင်ထားတဲ့ The Last Samurai ဆိုတဲ့ဇာတ်ကားထဲမှာ သူ့ကိုပုံဖော်ထားတဲ့ လူတစ်ယောက်ပါဝင်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ဖူးသူတော့ မှတ်မိမယ်လို့ထင်တယ်။ Tom Cruise နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ ထိပ်ပိုင်းဆာမူရိုင်း Ken Watanabe ဆိုသူက Saigo နေရာမှာ ပါဝင်သရုပ်ဆောင်ထားသူပဲဖြစ်ပါတယ်။
သူဟာ နိုင်ငံတော်ပုန်ကန်သူတစ်ဦးအဖြစ်ကွယ်လွန်သွားခဲ့ပေမဲ့ ၁၈၈၉ ခုနှစ်မှာ၊ ၎င်းရဲ့သေဆုံးပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူရဲ့ဂုဏ်ကိုပြန်လည်ရရှိခဲ့ပါတယ်။
jp.mercari.com
Meiji အစိုးရကိုတည်ထောင်ပြီး နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်တဲ့ယနေ့အချိန်မှာ၊ ဂျပန်ဟာ စစ်ရှုံးပြီးနောက် စနစ်အနည်းငယ်ပြောင်းသွားခဲ့ပေမဲ့၊ အခြေခံဖြစ်တဲ့ Meiji အစိုးရရဲ့မူဝါဒတွေအတိုင်း လိုက်လျှောက်နေတုန်းပဲလို့ ပြောနိုင်ပါတယ်။
ဒီလောက်အထိတစ်သတ်မတ်တည်း ဂျပန်နဲ့ ပြည်သူတွေကိုချစ်မြတ်နိုးတဲ့အမျိုးသားဟာ မိမိရဲ့ဂုဏ်သိက္ခာကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် ပြောင်းလဲချင်ခဲ့တဲ့ Satsuma ပုန်ကန်မှုဟာ ဘယ်မှာတရားမျှတမှုရှိနေခဲ့လို့လဲ?
ကျွန်တော်တို့ဂျပန်လူမျိုးတွေ ကျောင်းပညာရေးမှာ Meiji အစိုးရမှန်တယ်ဆိုပြီး ကျောင်းမှာသင်ရတယ်။ ဒါဟာအနိုင်ရတဲ့ဘက်က အယူအဆသဘောတရားဖြစ်ပြီး၊ ရှုံးသွားတဲ့ဘက်က အကြောင်းအရာတွေကိုတော့ မသိဘဲပြောသမျှသာယုံခဲ့ရပါတယ်။
The Last Samurai
သူမျှော်လင့်ခဲ့တဲ့တိုင်းပြည်ရဲ့ပုံရိပ်နဲ့၊ သူ့အသက်ကိုလောင်းကြေးထပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့အကြောင်းအရင်းကို၊ ကျွန်တော်တို့ဂျပန်လူမျိုတွေအပြင် ကမ္ဘာတစ်ဝှမ်းကလူတွေလည်း တစ်ကြိမ်လောက် အလေးအနက်ပြန်စဉ်းစားသင့်တယ် ထင်ပါတယ်။
Kengo Abe