ဂျပန်က လက်နက်ကိုင်ဘုန်းကြီးများ
ဆိုဟေး (僧兵)ဆိုတဲ့ စကားလုံးကို သိပါသလား။
စစ်သားလည်းဖြစ် ဘုန်းကြီးလည်းဖြစ်တယ်ဆိုတဲ့ စကားလုံးဖြစ်ပြီး နာမည်အကြီးဆုံးသူကတော့ မုဆရှိဘိုး ဘန်းခဲအိ ဖြစ်ပါတယ်
https://www2.nhk.or.jp/archives/search/special/detail/?d=drama032
သူဟာ သင်္ကန်းအဖြူရောင်ဝတ်ဆင်ပြီး ဓားရှည်ကို ကိုင်ဆောင်ပါတယ်
သူ့ရဲ့ရှင်သန်ခဲ့ပုံဟာ ဒဏ္ဍာရီဖြစ်လာပြီး ဂိမ်းထဲမှာတောင် ထည့်သွင်းခြင်းခံရပါတယ်
ဘယ်လိုနေထိုင်ခဲ့သလဲဆိုတာကို နောက်ဆောင်းပါးမှာ ဖော်ပြမှာဖြစ်ပေမယ့် သာသနာပြန့်ပွားရေးလုပ်ဆောင်ရမယ့်ဘုန်းကြီးတွေဟာ ဘာလို့လက်နက်ကိုင်ဆောင်ရတာပါလိမ့်။
အခုတစ်ခေါက်မှာတော့ သူတို့ပေါ်ပေါက်လာပုံနဲ့ ပျောက်ကွယ်ပုံကို ပြောပြသွားမှာဖြစ်ပါတယ်
ဒီဘုန်းကြီးတွေ ပေါ်ပေါက်လာချိန်ကတော့ ရှင်ဘုရင်တွေ စိုးစံချိန်ဖြစ်တဲ့ ဟဲအိအန်းခေတ်။
တိုကျိုမှာ နန်းစိုက်ပြီး မင်းမျိုးမင်းနွယ်အများအပြားဟာလည်း အဲ့မှာနေထိုင်နေခဲ့ကြပါတယ်
သူတို့နေထိုင်မှုကို ထောက်ပံ့ပေးကြသူတွေကတော့ ဒေသခံပြည်သူတွေ။
အဲ့ဒီဒေသတွေကို အုပ်ချုပ်ခဲ့သူတွေကတော့ အဲ့ဒီဒေသခံ ဂိုးဇိုခုလို့ခေါ်တဲ့ အုပ်စိုးသူတွေဖြစ်ပါတယ်။
ဂိုးဇိုခုတွေဟာ မိမိတို့နယ်မြေတွေကို ဆက်လက်ကာကွယ်ဖို့အတွက် မြို့တော်ကို အခွန်မပေးဆောင်လို့မရပါဘူး
ဆန်လိုမျိုး ကုန်စည်တွေကို အဓိကထား ပေးဆောင်ပေမယ့် စိုက်ပျိုးရေးထွက်ကုန်တွေဟာ သဘာဝဒဏ်ကို ခံရတဲ့အခါ အဲ့ဒီနှစ်တွေမှာ နေထိုင်ရတာအခက်အခဲတွေ့ပါတယ်
အဲ့ဒီအချိန်မှာ သူတို့ဟာ မြေယာတွေကို ဘုရားကျောင်းဆီကို လှူဒါန်းပြီး အခွန်ငွေလျော့ချဖို့ စတာတွေ လုပ်ဆောင်ကြပါတယ်
အဲ့ဒီမြေတွေဟာ ဘုရားကျောင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍအဖြစ် တည်ရှိပေမယ့် သိပ်မငြိမ်းချမ်းသေးတဲ့ခေတ်ကာလမှာ ဘုရားကျောင်းဟာ မိမိအင်အားနဲ့ သာသနာ့မြေကို ကာကွယ်ဖို့ဖြစ်လာပါတော့တယ်
ဒါဟာ ဘုန်းကြီးတစ်ပိုင်း၊ စစ်သားတစ်ပိုင်းတွေရဲ့ အစဖြစ်တည်လာပုံပါ။
အစကတော့ ဘုန်းကြီးတွေဟာ သာသနာပြုဖို့ပဲ စုစည်းနေခဲ့ကြပါတယ်။
ဒီဘုန်းကြီးတွေဟာ ဆာမူရိုင်းတွေထက်ကို အာဏာကြီးတယ်လို့ဆိုကြပြီး အထူးသဖြင့် လက်ရှိနရခရိုင်မှာရှိတဲ့ ခိုးဖုခုဂျိဘုရားကျောင်း၊ အန်းယရခုဘုရားကျောင်း၊ အန်းဂျောဘုရားကျောင်းရဲ့ အစည်းအရုံးဟာ အလွန်သက်ရောက်မှုကြီးမားလာပါတယ်။
ပြီးတော့ အာဏာချဲ့ထွင်လာခဲ့ကြတဲ့ ဘုန်းကြီးတွေအကြားမှာ တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။
မြေကွက်သေးသေးလေးပိုင်ဆိုင်ဖို့အတွက်ကို အသက်သေဆုံးသည်အထိ တိုက်ပွဲတွေဖြစ်ပွားကြပြီး ကောက်ရိတ်သိမ်းပွဲအတွက် ပျော်ပွဲရွှင်ပွဲကနေ စစ်ဖြစ်ပွားတဲ့အထိဖြစ်ပွားကြပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူလို့ မထင်ရလောက်တဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်
ဒါ့အပြင် အဲ့ဒီခေတ်ကအစိုးရကိုလည်း အင်အားသုံးပြီး တောင်းဆိုမှုအမျိုးမျိုးလည်း စတင်လုပ်ဆောင်လာကြပါတယ်
နောက်ပိုင်းမှာ ဆာမူရိုင်းခေတ်ပြန်ရောက်လာပေမယ့် အခြေအနေတွေကတော့ ပြောင်းလဲခြင်းမရှိပါဘူး
နောက်ပိုင်းမှာ ဆာမူရိုင်းတွေက ဂျပန်နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုပိုချဲ့ထွင်လာတဲ့စစ်ပွဲခေတ်ကို ရောက်ရှိလာခဲ့ပါတယ်
အဲ့ဒီခေတ်အုပ်ချုပ်သူ Oda Nobunaga ဟာ အဲ့လိုအကျင့်ပျက်ဘုရားကျောင်းများတွေကို စေ့စေ့စပ်စပ်ဖျက်စီးလိုက်ပြီး ဆာမူရိုင်းခေတ် ရောက်ရှိလာပါတယ်
Nobunaga ဟာ ဘာလို့ ဘုရားကျောင်းတွေကို စေ့စေ့စပ်စပ် ဖျက်စီးတိုက်ခိုက်ရသလဲဆိုတာကို သမိုင်းမှာမဖော်ပြထားပေမယ့် အကြောင်းအရင်းတစ်ခုတော့ ရှိမှာအသေအချာပါပဲ
Kengo Abe