ကုသရခက်ခဲတဲ့ ရောဂါသည်တစ်ယောက်ကို ကယ်တင်နိုင်ပါ့မလား? ကြိုတင်ကာကွယ်ကုသရေး၊ အစားထိုးဆေးဝါးဆိုင်ရာ နောက်ဆုံးအချက်အလက်များ

ဆေးရုံတွေမှာ ဆေးဘက်ဆိုင်ရာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကူညီမပေးနိုင်တဲ့ ရောဂါတွေလည်း ရှိနေပါတယ်

အဲ့ဒီထဲမှာ ကင်ဆာအပါအဝင်ပါပဲ

သေးသေးလေးဆိုရင် ဖြတ်ထုတ်ကုသနိုင်ပေမယ့်၊ Stage4 ဆိုတဲ့ ကင်ဆာနောက်ဆုံးအဆင့် ရောက်နေရင်တော့ အရှုံးပေးလိုက်ရုံအပြင် မရှိတော့ပါဘူး

လူတော်တော်များများကတော့ မသေခင်ဘာလုပ်သွားရမလဲ? ဆိုတာပဲတွေးပြီး၊ ကိုယ့်ဘဝအကြောင်း ပြန်တွေးရင် နေသွားကြရတာပါ

 

ခေတ်မီဆန်းသစ်တဲ့ အနောက်တိုင်းဆေးပညာကလည်း နှစ်အနည်းငယ်သာ အသက်ရှင်နေထိုင်ရတာလို့ပြောပြီး၊ ကင်ဆာကို လုံး၀ ကျော်လွှားနိုင်သူများ လည်း ရှိပါတယ်

ထိုသူတော်တော်များများ‌ ပြောတတ်ကြတာကတော့ ဆေးရုံမှာတင်မဟုတ်ဘဲ တခြားကုသရေးနေရာတွေကို သွားတယ်ဆိုတာပါပဲ

 

ဥပမာ ဂျပန်မှာဆိုရင် ရှေးခေတ်ကတည်းက ရေပူစမ်းကုထုံးဆိုတာရှိပါတယ်

Akita စီရင်စုမှာရှိတဲ့ Tamagawa ရေပူစမ်း လိုမျိုး ထိရောက်မှုကောင်းကောင်းရှိတဲ့ ရေပူစမ်းတွေဟာ ကုသလို့မရနိုင်ဘူးလို့ပြောတဲ့ ရောဂါတွေကို ကုသပေးခဲ့တဲ့ အံ့ဖွယ်အဖြစ်အပျက် အများကြီးရှိပါတယ်

ဒါပေမယ့်လည်း မရှင်းလင်းတဲ့ ထိရောက်မှုတွေကြောင့် အနောက်တိုင်းဆေးပညာကိုပဲ အဓိက အာရုံစိုက်နေတဲ့ လက်ရှိ ဂျပန်ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှာတော့ အာရုံစိုက်ခံရမှု အများအပြား မရသေးပါဘူး

 

နိုင်ငံတိုင်းမှာ ရှေးခေတ်ကတည်းကရှိခဲ့တဲ့ ဆေးနည်းနဲ့ တိုင်းရင်းဆေးနည်းဆိုပြီး ရှိမယ်ထင်ပါတယ်

တရုတ်ဆေးဖက်ဝင်အပင်တွေလို ဆေးဖက်ဝင်အပင်ကို သုံးထားတာမျိုး

ရေပူစမ်းနဲ့ ခန္ဓာကိုယ်ကို ပးနွေးအောင်လုပ်ပြီး အပြင်ကနေ ကုသတာမျိုးတွေပေါ့

 

တော်တော်များများက ချက်ချင်းလက်ငင်း ပျောက်သွားတာမျိုး မရှိပါဘူး

ပြီးတော့ သိပ္ပံနည်းအရဆိုရင် ရှုတ်ထွေးနားလည်ရခက်တဲ့၊ ကျွန်တော်တို့ဘိုးဘေးတွေ နှစ်ရှည်လများ မှီခိုခဲ့ရတဲ့ ရိုးရာကုထုံးတွေက အလုပ်မဖြစ်ဘူးဆိုတာကိုလည်း သက်သေပြစရာ မရှိပါဘူး။

 

https://www.youtube.com/watch?v=b4kA3cSjNkI

 

ဒီထဲကမှ ရေပူစမ်းအာနိသင်တစ်ခုဖြစ်တဲ့ Radon ရဲ့အာနိသင်ကိုအသုံးပြုထားတဲ့ capsule အခန်းငယ်ထဲမှာ  ကင်ဆာကိုပျောက်ကင်းအောင် ကုသခဲ့သူရဲ့ အင်တာဗျူးကိုကြည့်ကြည့်လိုက်ပါ

နားလည်မှုလွဲမှားခြင်းမရှိရအောင် ပြောထားချင်တာကတော့ ဒါတစ်ခုတည်းနဲ့  ကင်ဆာရောဂါ ပျောက်ကင်းခဲ့တယ်လို့ မဆိုလိုပါဘူး

ပျောက်ကင်းသွားခဲ့တာကတော့ အမှန်တကယ်ဖြစ်ကြောင်း ပြသခဲ့ပါတယ်

ပြီးတော့ အနောက်တိုင်းဆေးပညာကိုလည်း ငြင်းပယ်ထားတာမဟုတ်ပါဘူး

ပျောက်ကင်းသွားသူဟာလည်း အနောက်တိုင်းဆေးပညာနဲ့ ကုသတဲ့ ကင်ဆာရောဂါကုထုံးနဲ့ တွဲသုံးခဲ့တာပါ

 

ဆေးပညာလောကမှာ နားမလည်နိုင်တာတွေ အများကြီးရှိနေပါသေးတယ်

မကယ်လိုက်နိုင်တဲ့ အသက်တွေလည်း အများကြီးရှိခဲ့ပြီး ဆုံးရှုံးမှုတွေလည်း အများကြီးရှိခဲ့မယ် ထင်ပါတယ်

ရွေးချယ်မှုတွေ အမျိုးမျိုးရှိတာကိုတော့ သိထားစေချင်ပါတယ်

ပြီးတော့ အသက်ရှင်ချင်စိတ်ကို ဖျောက်ပစ်လို့မရပါဘူး

မျှော်လင့်ချက်ပျောက်ဆုံးသွားရင် ပျောက်မယ့်ရောဂါတောင် မပျောက်တော့ဘဲ နေပါလိမ့်မယ်

 

ကမ္ဘာမှာကုသနည်း အမျိုးမျိုးရှိပါတယ်။ ဂျပန်မှာလည်း အတူတူပါပဲ

နောက်ဆုံးအချိန်ထိ မျှော်လင့်ချက်ထားပြီး ရောဂါကို ကုသကြရအောင်

 

အခုစာထဲမှာပါတဲ့ capsule ဆိုတာ ဆေးကုသကိရိယာဖြစ်တဲ့အတွက် ဝယ်လို့တော့ မရနိုင်ပါဘူး

သို့သော် စိတ်ဝင်စားသူများကိုတော့ ချိတ်ဆက်ပေးမှာဖြစ်တာကြောင့် JAPO ကိုဆက်သွယ်ပေးပါ။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: