ကျီးကန်းသားအစိမ်း စားကြတဲ့ ဂျပန်တွေ

ကျီးကန်းသားအစိမ်းကို “အဆုံးစွန်သော Gibier (တောရိုင်းငှက်သား)” အဖြစ် မိတ်ဆက်စာရေးခဲ့တဲ့ တိုကျိုသတင်းစာကော်လံအကြောင်း လူပြောများနေ
ကျန်းမာရေးသတင်းဌာနကတောင် “အလွန်အန္တရာယ်ရှိ” တယ်လို့ သတင်းထုတ်ပြန်ရတဲ့ အထိဖြစ်ခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ တိုကျိုသတင်းစာဌာနက သတင်းထောက်တစ်ဦးဟာ Ibaraki စီရင်စု၊ Hitachinaka မြို့က အိမ်တစ်အိမ်မှာ နယ်ခံတွေနဲ့ စုဝေးပြီး ကျီးကန်းသားအစိမ်းကို စားခဲ့ကြရာကနေစပါတယ်။ ဒီလိုစားခဲ့တဲ့ အတွေ့အကြုံကို သတင်းထောက်က ဒေသတွင်းယဉ်ကျေးမှုအနေနဲ့ သတင်းစာထဲ ထည့်ရေးခဲ့တာကြောင့်ပါ။
တွစ်တာမှာတော့ ဆရာဝန်အသိုင်းအဝိုင်းမှာ “အသက်အန္တရာယ်ရှိနိုင်တဲ့ အပြုအမူ” လို့ ဝေဖန်ခံနေရပါတယ်။
ဒီလို လွတ်လွတ်လပ်လပ် သွားလာနေနိုင်တဲ့ ငှက်သားတွေကို အစိမ်းစားရင် အသည်းရောင်ရောဂါစတဲ့ ပြင်းထန်တဲ့ရောဂါတွေဖြစ်နိုင်ပြီး၊ အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီ Hitachinaka မြို့လေးအကြောင်း ရေးခဲ့တဲ့ ယခင်သတင်းဆောင်းပါးတွေကို ပြန်ရှာပြီးဖတ်တဲ့အခါမှာ ဒီလိုထူးထူးဆန်းဆန်း အသားစိမ်းတွေကို စားလာတာ အရင်ကတည်းကဖြစ်ပြီး ရိုးရာယဉ်ကျေးမှုတစ်ခု ဖြစ်နေတယ်လို့ဆိုပါတယ်။
၂၀၁၄ ခုနှစ် ဧပြီလ ၅ရက်နေ့ထုတ် သတင်းစာမှာ ဒီဒေသမှာ အသိမိတ်ဆွေတွေကို အိမ်ကိုဖိတ်ပြီး ကြက်ရင်အုပ်သားအစိမ်းနဲ့ ဧည့်ခံတတ်ကြတယ်လို့ဆိုပါတယ်။ နောက်ထပ် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် သတင်းစာမှာတော့ ဒီလို ကြက်ငှက်အသားအစိမ်းစားတဲ့အကြောင်းကို ထပ်တွေ့ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ “ကြိုက်တဲ့လူလည်း ရှိရင်ရှိမှာပေါ့။ ဒါပေမယ့် သိပ်မကြားဖူးတာကြောင့် ရိုးရာယဉ်ကျေးမှုအနေနဲ့ နာမည်တပ်ဖို့ကတော့ မသင့်ဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီလို ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တိုကျိုသတင်းစာဌာနကတော့ “သတင်းထဲမှာ ရေးထားတဲ့အတိုင်းပါပဲ” လို့ ပြန်လည်ချေပခဲ့ပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: