မစားသင့်တဲ့ ဆိပ်ရှိတဲ့အရွက်

ဧပြီလ ၁၇ ရက်နေ့က မိယဂိစီရင်စုက အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးဟာ အဆိပ်ရှိတဲ့ အရွက်တစ်မျိုးကို မှားယွင်းပြီးစားမိတာကြောင့် အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။
ဗိုက်အပြင်းအထန်နာပြီး မူးဝေ အော့အန်နေခဲ့တာပါ။
ကံကောင်းစွာနဲ့ ဆေးရုံကိုအချိန်မှီရောက်ခဲ့ပြီး သက်သာသွားခဲ့ပါတယ်။
ဆေးစစ်မှုရလဒ်အရ အဆိုပါ အမျိုးသားဟာ “Baikeisou” ဆိုတဲ့ အဆိပ်ရှိတဲ့အရွက်ကို “Urui” လို့ခေါ်တဲ့ တောကြက်သွန်ဖြူရွက်နဲ့ မှားပြီး စားမိခဲ့တယ်လို့ဆိုပါတယ်။ “Baikeisou” ထဲကအဆိပ်က အပူပေးလည်းပဲ ပျောက်မသွားပါဘူး။
အရွက်နှစ်ခုဟာ ခွဲခြားရအလွန်ခက်ပြီး “Baikeisou” ကိုစားမိခဲ့ရင် ဝမ်းလျှော၊ အန်၊ ခြေလက်ထုံကျင်၊ သတိလစ်တာတွေကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အစိုးရကတော့ အလေ့ကျပေါက်နေတဲ့ အရွက်တွေကို သေချာမသိဘဲ မစားကြဖို့ သတိပေးထားပါတယ်။
ဘယ်ဘက်ကတော့ စားလို့မရတဲ့ အရွက်ဖြစ်ပြီး၊ ညာဘက်ကတော့ အန္တရာယ်မရှိတဲ့ အရွက်ပါ။ ခွဲနိုင်ပါသလား?
Source: TBS News
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: