သမီးက အဖေကိုမချစ်ဘူး? ဘယ်လိုအချက်တွေကို မကြိုက်တာလဲဆိုပြီး လူ ၂၀၀ ကိုမေးကြည့်ခဲ့ပါတယ်။

အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးက အရွယ်ရောက်လာတော့ “Papa ကိုမုန်းတယ်” လို့ပြောလာပါတော့တယ်

ဒီလိုအဖြစ်အပျက်တွေဟာ နေ့စဥ်အမြဲ ကမ္ဘာမှာဖြစ်ပျက်နေပါတယ်

 

ဘာကို ဒီလောက်ကြီး မုန်းနေတာပါလိမ့်?

လို့သိချင်ကြမယ်ထင်ပါတယ်? အထူးသဖြင့် အဖေဖြစ်လာမယ့်၊ အဖေတွေပေါ့။

 

သမီးတွေက အဖေတွေကို မကြိုက်ရတာက ဇီဝဗေဒသဘောအရလည်း အကြောင်းအရင်းရှိပါတယ်

အခြား မတူညီတဲ့လိင်ကို ဖက်တွယ်လိုချင်တတ်တဲ့ သဘာဝကြောင့်ပါပဲ

ဒါပေမယ့် အဲ့ဒီလိုဆိုလည်းပဲ အမုန်းတော့မခံချင်ဘူးပေါ့

 

သမီးတွေက ဘယ်လောက်အချိုးအစားနဲ့ အဖေတွေကို မကြိုက်ကြတာလဲ၊ ဘာကိုမကြိုက်တာလဲ? ဆိုတာ လူ ၂၀၀ ကိုမေးကြည့်ခဲ့ပါတယ်

Q1.အဖေကို မုန်းတယ်၊ မကြိုက်ဘူးလို့ ခံစားရဖူးလား?

・အမြဲတမ်းတွေးတာက 40 ဦး

・မကြာခဏခံစားရတာက  32 ဦး

・တစ်ခါတစ်လေခံစားရတယ်  74 ဦး

・မခံစားရဘူး  54 ဦး

 

 

 

Q2.အဖေကို ဘယ်တေရာတွေကို မုန်းတာ၊ မကြိုက်တာလဲ?(များစွာရွေးနိုင်သည်)

・အသက်ကြီးတဲ့အနံ့ရလို့ 78 ဦး

・စားတာညစ်ပတ်လို့  36 ဦး

・အဝလွန်နေလို့  18 ဦး

・ပါးစပ်အနံ့ဆိုးလို့  18 ဦး

・ထိပ်ပြောင်နေလို့ 12 ဦး

・မျက်နာအဆီတဝင်းဝင်းဖြစ်နေလို့  11 ဦး

・ရေမချိုးလို့ 10 ဦး

・ဆံပင်ပုံစံ မသပ်ရပ်လို့  9 ဦး

・မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး မရိတ်လို့၊ အဲ့ဒီနေရာတွေ ညစ်ပတ်လို့ 9 ဦး

・မလျှော်ထားတဲ့အဝတ်တွေ ဝတ်လို့ 8 ဦး

・နှာခေါင်းမွေးတွေထွက်နေလို့ 8 ဦး

 

ဖြေတာတွေကတော့ တော်တော်လေး ဆိုးပါတယ်

အမှန်အတိုင်းပြောပေးတာ ကျေးဇူးတင်ပေမယ့်၊ အသက် ၄၀ ကျော် ၅၀ နားကပ်လာတဲ့ ကျွန်တော့်အတွက်ကတော့ နားထောင်ရတာ အဆင်မပြေပါဘူး

အမျိုးသားတွေ

မကြိုက်တဲ့အချက်တွေ ပြင်ပေးလိုက်ရင် အဆင်ပြေသွားမယ်မထင်ဘူးလား?

 

ရေသေချာချိုး၊ နှာခေါင်းမွေးတွေရော၊ မုတ်ဆိတ်တွေရော၊ ဆံပင်ရော သပ်သပ်ရပ်ရပ်လုပ်ရမယ်

သွားသေချာတိုက်၊ ခန္ဓာကိုယ်သပ်သပ်ရပ်ရပ်နဲ့ နေပုံထိုင်ပုံကိုလည်း ဂရုစိုက်မယ်

 

အသက် ၂၀ လောက်တုန်းကတော့ သေချာလုပ်ခဲ့တဲ့ အရာတွေ မဟုတ်လား?

ဟုတ်ပါတယ်၊ မိန်းကလေးတွေကို ကြည့်စေချင်တော့ လန်းအောင်နေခဲ့ရတာပါပဲ

အဲ့ဒီတုန်းကလိုလေး သေသေချာချာ ပြန်လုပ်ရုံပါပဲ

အဖေတို့ရေ ကြိုးစားပါ။ သက်လတ်ပိုင်းတွေလည်း ကြိုးစားပါဗျ

အနာဂါတ်တွေ လင်းလက်လာမှာပါ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: