ဂျပန်သမိုင်းမှာ အဆိုးဆုံးဧကရာဇ်

ဂျပန်နိုင်ငံရဲ့သမိုင်းဟာ မင်းမျိုးမင်းနွယ်တွေနဲ့ ဆက်စပ်နေပါတယ်။

ဘီစီ ၆၆၀ ကစလို့ရှည်လျားတဲ့သမိုင်းရှိပြီး နှစ်ပေါင်း ၂၆၈၂ နှစ် သက်တမ်းရှိနေပြီ ဖြစ်ပါတယ်

လက်ရှိဘုရင်ကတော့ ၁၂၆ ဆက်မြောက်ပါ။

ယခင်က အတော်လေးအန္တရာယ်များတဲ့ ဘုရင်အချို့ရှိပေမယ့် အဲ့ဒီထဲက အဆိုးဆုံးလို့ ပြောရမယ့်ဘုရင်တစ်ပါး ရှိခဲ့ပါတယ်

ဘုရင် ဘုရဲဆုဆိုတဲ့ ၂၅ ဆက်မြောက်ဘုရင်

အတော်လေးရှေးကျတာမလို့ မှတ်တမ်းတင်ထားတာတွေ မရှိပေမယ့် ၅ ရာစု သို့မဟုတ် ၆ ရာစုခန့်မှာ စိုးစံခဲ့တယ်ဟု ဆိုကြပါတယ်။

အသက် ၁၀ နှစ်အရွယ်မှာ နန်းတက်ပြီး ဧကရာဇ်ဖြစ်လာတဲ့ သူရဲ့ ပုံမှန်မဟုတ်သော အပြုအမူသည် အံ့မခန်းပါပဲ။

နန်းသက် ဒုတိယနှစ်မှာ သူရဲ့ ပထမဆုံး ပုံမှန်မဟုတ်သော အပြုအမူ စတင်လာပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဝမ်းဗိုက်ကို ခွဲပြီး သန္ဓေသားကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

ဘာ့ကြောင့်ဒီလိုလုပ်တာလဲမသိပေမယ့် ကိုယ်ဝန်ဆောင်မိခင်ရော သန္ဓေသားပါ ဆုံးပါးပြီးသားလို့ဆိုပါတယ်

ဒါ့အပြင် နောက်တစ်နှစ်မှာ လူတစ်ဦးရဲ့ လက်သည်းတွေကို ခွာကာ အဲ့ဒီလက်နဲ့ ပိန်းဥကို မြေကြီးထဲကနေ တူးခိုင်းတယ်လို့ ဆိုပါတယ်။

ခြေသည်းခွံတွေကို ခွာလိုက်တဲ့အခြေအနေမှာကို မူးမေ့လဲမတတ်နာကျင်နိုင်ပေမယ့် အဲဒီအခြေအနေမှာ အာလူးတူးခိုင်းတာကတော့ နည်းနည်းတော့ ကြောက်စရာကောင်းပါတယ်။

ဒါ့အပြင် နောက်တစ်နှစ်မှာတော့

လူတစ်ဦးရဲ့ဆံပင်တွေကို နှုတ်ထားပြီး သစ်ပင်ပေါ်တက်စေကာ သစ်ပင်ကို အမြစ်က ခုတ်လှဲပြီး သစ်ပင်ပေါ်ကလူ ပြုတ်ကျသေဆုံးတာကို ကြည့်ပြီး ပျော်နေတယ်လို့ ဆိုပါတယ်

ရှိပါသေးတယ် နောက်တစ်နှစ်မှာလည်း

ရေစီးနေတဲ့မြောင်းထဲကို လူတွေကို ပစ်ထည့်ပြီး အချွန် ၃ ချောင်းပါလှံနဲ့ ထိုးသတ်ရတာကို ပျော်နေခဲ့ပါတယ်

ဂိမ်းတစ်ခုလိုမျိုး ဆော့ကစားနေလားမသိပါဘူး

ဒီလိုကြမ်းကြုတ်တဲ့လုပ်ရပ်မျိုးကို နိုင်ငံခြားသားကိုလည်း လုပ်ခဲ့တယ်လို့ဆိုပါတယ်

အဲ့ဒီခေတ်က ခုဒရလို့ ခေါ်တဲ့ ဒီနေ့ခေတ် ကိုရီးယားကျွန်းဆွယ်မှ သံတမန်တစ်ဦး ရောက်လာပေမယ့် ခုဒရဘက်ကနေ နှစ်ပေါင်းများစွာ လက်ဆောင်ပဏ္ဍာမဆက်သလို့ဆိုပြီး စိတ်ဆိုးကာ ထိုသံတမန်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

တိုင်းတစ်ပါးက သံတမန်ကို ဒီလိုလုပ်လို့ စစ်ပွဲဖြစ်ရင် မထူးဆန်းပါဘူး

သူ့ရဲ့ကြမ်းကြုတ်မှုကနေ အမျိုးသမီးတွေလည်း မလွတ်မြောက်ခဲ့ပါဘူး။

နန်းသက် ၈ နှစ်မှာ အမျိုးသမီးအများအပြားကို အဝတ်ဗလာနဲ့ သစ်သားပြားပေါ် ထိုင်စေခဲ့ပါတယ်

ပြီးတော့ မြင်းအထီး၊ အမကို ခေါ်ဆောင်စေကာ မြင်းတွေ မိတ်လိုက်ပုံကို ကြည့်စေခဲ့ပါတယ်

အဲ့ဒီအခြေအနေကို ကြည့်ပြီး လိင်အင်္ဂါစိုစွတ်လာတဲ့အမျိုးသမီးတွေကို သတ်ပစ်ခဲ့ပါတယ်

စိုစွတ်မှုမရှိရင် ကျွန်အဖြစ်ဆက်ဆံပြီး အပျော်ရှာခဲ့ပုံရပါတယ်

ဒီလိုဆိုရင်တော့ အသတ်ခံရတာမှ ကောင်းပါဦးမယ်နော်

ဒီလို မကောင်းမှုကို ကျူးလွန်ပြီး၊ တောင်သူတွေ စားသောက်ဖို့အဆင်မပြေကြတာတွေကိုလည်း ဂရုမစိုက်တဲ့ဘုရင်ဟာ အသက် ၁၈ နှစ်အရွယ်ဟာ ရုတ်တရတ် ဆုံးပါးသွားခဲ့ပါတယ်

ဒါဟာ ဘုရားပေးတဲ့ ပြစ်ဒဏ်လား ဒါမှမဟုတ် ပတ်ဝန်းကျင်က လူတွေက သည်းမခံနိုင်တော့လို့ သတ်ပစ်တာလားတော့ မသိပေမယ့် ဒီလိုနဲ့ ဘုရင်အသစ်နန်းတက်ပြီး ငြိမ်းချမ်းတဲ့ခေတ်ကို ပြန်ရောက်သွားပုံရပါတယ်။

ဒါပေမယ့် ရှေးတုန်းကကိစ္စဖြစ်တာကြောင့် တကယ့်ကို ဒီလိုမျိုးမကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်ခြင်းရှိ၊ မရှိ ဒါမဟုတ် တကယ်ပဲလုပ်တာလားဆိုတဲ့အပေါ်မှာ ငြင်းခုံမှုတွေ ရှိနေဆဲဖြစ်ပါတယ်

ဒီလိုရူးနှမ်းတဲ့အုပ်ချုပ်သူတွေ ဂျပန်မှာတင်မကဘဲ တခြားနိုင်ငံတွေမှာလည်း ဘယ်တော့မှ ပေါ်မလာဖို့ ဆုတောင်းနေပါတယ်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: