စစ်သင်္ဘောဒီဇိုင်းများရဲ့ နတ်ဘုရားဖြစ်သူနဲ့ သူ့ရဲ့အရှုံး။ ဂျပန်ရှုံးရတဲ့ အဓိက အကြောင်းရင်း။

ဒုတိယကမ္ဘာစစ်မှာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများ စစ်ရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်

ကျွန်းနိုင်ငံဖြစ်တဲ့ ဂျပန်၏ အဓိကစစ်မြေပြင်ကတော့ ပင်လယ်ဖြစ်ပါတယ်

ဂျပန်သင်္ဘောတည်ဆောက်ရေးနည်းပညာဟာ ဆာမူရိုင်းခေတ်နှောင်းပိုင်းမှာ လျင်မြန်စွာ တိုးတက်လာပါတယ်

သင်္ဘောဒီဇိုင်းကို တီထွင်တဲ့ ပါရမီရှင်တစ်ယောက်ရှိခဲ့ပါတယ်

သို့သော် သူ့ရဲ့ ဆန်းသစ်တဲ့ စိတ်ကူးဟာ ဂျပန်ကို ရှုံးနိမ့်စေခဲ့ပါတယ်

သူ့ရဲ့ ရှုံးနိမ့်မှုဇာတ်လမ်းကို ပြောပြပေးချင်ပါတယ်

 

ပထမဆုံးအနေနဲ့ ဂျပန်ဟာ အမေရိကန်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ သမိုင်းသုတေသီ အတော်များများက ပြောကြပါတယ်။

GNP နှင့် နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ 9% ခန့်သာရှိပြီး ကိန်းဂဏန်းအရ အနိုင်ယူနိုင်ခြင်း မရှိတဲ့ ကြီးမားတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်

ဂျပန်က အမေရိကန်ကို ဒီလိုခြိမ်းခြောက်မှုမျိုး ဘာကြောင့်ခံစားစေရတာလဲ?

တကယ်တော့ ဂျပန်သင်္ဘောတည်ဆောက်ရေးနည်းပညာဟာ အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခုဖြစ်နေလို့ပါပဲ

ဂျပန်စစ်တပ်ဟာ ကြီးမားတဲ့ စစ်သင်္ဘောတွေကို တည်ဆောက်ခဲ့ပြီး စစ်လေယာဉ်တွေကိုတော့ လျစ်လျူရှုခဲ့တာဟာ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းဖြစ်တယ်လို့ အချို့သောသူများက ပြောကြပါတယ်။

ဒါက မှားနေပါတယ်

 

မိခင်သင်္ဘောဖြစ်တဲ့ Houshou ဟာ ကမ္ဘာ့ပထမဆုံး လေယာဥ်သယ်သင်္ဘောဖြစ်ပါတယ်

ကမ္ဘာပေါ်မှာ အစောဆုံး လေယာဉ်ရဲ့ အသုံးဝင်မှုကို နားလည်သဘောပေါက်စေခဲ့တာက ဂျပန်ပဲဖြစ်ပါတယ်

 

ပထမကမ္ဘာစစ်ကို အောင်နိုင်ခဲ့တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ဂျပန်တို့မှာ စစ်သင်္ဘောများ တည်ဆောက်ရန် ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ၁၉၂၂ ခုနှစ်မှာတော့ နိုင်ငံတစ်ခုစီအတွက် စစ်ရေယာဉ် ပိုင်ဆိုင်ခွင့် အတိုင်းအတာကို ကန့်သတ်ခဲ့ပါတော့တယ်

ဂျပန်ဟာ အမေရိကန်နှင့် ဗြိတိန်တို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာ ပိုင်ဆိုင်ထားပါတယ်

 

စစ်သင်္ဘောအကြီးကြီးတွေ အများကြီးမရနိုင်တော့ အနည်းငယ်သေးငယ်ပြီး ပိုမြန်တဲ့ cruise ပုံစံနဲ့ ဒီထက်သေးပြီး ဖျက်အားပြင်းတဲ့ စစ်သင်္ဘောငယ်တွေကို တည်ဆောက်ရပါတော့တယ်

 

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ဒီဇိုင်းနတ်ဘုရားကြောင့် ဒီကန့်သတ်ချက်ဟာ အဓိပ္ပါယ်မဲ့သွားပါတယ်။

Yubari လို့ခေါ်တဲ့ စစ်သင်္ဘောငယ်ကို ၁၉၂၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်

ရေနုတ်မြောင်းလောက်ပဲရှိတယ်လို့ပြောတာကြောင့် သင်္ဘောအရွယ်အစားကို မြင်နိုင်သော်လည်း တန်ချိန် 3100 ရှိတဲ့ ဒီသင်္ဘောဟာ တန်ချိန် 5500 ရှိတဲ့ စစ်သင်္ဘောများလိုပဲ တိုက်ခိုက်ရေးစွမ်းရည် အဆင့်တူရရှိဖို့ အံ့ဖွယ်နည်းတွေနဲ့ ဒီဇိုင်းထုတ်ထားတာပါ

Yubari ထွက်လာတာကို မြင်ရတော့ တစ်ကမ္ဘာလုံး အံ့သြသွားခဲ့ပါတယ်

၎င်းကို ဒီဇိုင်းဆွဲသူ Mamoru Hiraga ဟာ ကမ္ဘာ့အကျော်ကြားဆုံး သင်္ဘောတည်ဆောက်ရေး အင်ဂျင်နီယာ ဖြစ်လာခဲ့ပါတယ်

စစ်သင်္ဘောဒီဇိုင်းရဲ့ နတ်ဘုရားလို့ကို အခေါ်ခံခဲ့ရပါတယ်

 

Hiraga မှ ဒီဇိုင်းထုတ်ထားတဲ့ သင်္ဘောတွေဟာ အဆင့်မြင့် စစ်သင်္ဘောတွေနဲ့ ဖျက်အားတူတာကြောင့် ရွေ့လျားနိုင်မှုမြင့်မားတဲ့ ဒီသင်္ဘောငယ်တွေကို အမြောက်အမြားထုတ်လုပ်ပါတော့တယ်

 

သို့သော်လည်း ဒီနတ်ဘုရားရဲ့ ဒီဇိုင်းမှာ ချို့ယွင်းချက်တစ်ခု ရှိခဲ့ပါတယ်

တော်ပီဒို တိုက်ခိုက်မှုကို ခံနိုင်ရည်အား နည်းတဲ့အချက်ပါပဲ

သင်္ဘောဟာ တော်ပီဒိုနဲ့အပစ်ခံလိုက်ရတာနဲ့ ကိုယ်ထည်ပေါက်သွားပြီး ရေတွေဝင်လာပါတော့တယ်

အဆင့်တစ်ခုထိတော့ ရေဝင်တာ ခံနိုင်ပါသေးတယ်

ဒီအပိုင်းမှာ သင်္ဘောဒီဇိုင်းနတ်ဘုရားက မှားသွားတာပါ

ဒီဇိုင်းပုံဆွဲထားတဲ့ သင်္ဘောအပိုင်းကို ကြည့်ပါ။

ပထမနှစ်ခုက ဂျပန်ဒီဇိုင်းများဖြစ်ပြီး Hiraga မှပြုလုပ်သော ဒီဇိုင်းများဖြစ်ပါတယ်

အလယ်သုံးစင်းက အမေရိကန်ဖြစ်ပြီး အောက်နားက ဗြိတိန်စစ်သင်္ဘောဖြစ်ပါတယ်

ခြားနားချက်ကို ခွဲနိုင်ပါသလား?

 

Hiraga စတိုင်က သင်္ဘောဦးကနေ ပဲ့ပိုင်းအထိ ဒေါင်လိုက်အပိုင်းတစ်ခု ပြုလုပ်ဖို့ ဖြစ်ပါတယ်။

ပေါ့ပါးသော သင်္ဘောတွေဟာ လည်ပတ်နေစဉ်မှာ လှိုင်းတွန်းအားကြောင့် ပုံပျက်သွားနိုင်ပါတယ်

ဒါကြောင့် အလေးချိန်ကိုလျှော့ချဖို့ ဒေါင်လိုက်အပိုင်းတစ်ခုကို ထည့်ထားပေမယ့်လည်း၊ ဒီ ဒီဇိုင်းက သင်္ဘောအတွက် ကောင်းပေမယ့် စစ်သင်္ဘောအတွက် အဓိကအားနည်းချက်ပါတယ်

 

တော်ပီဒိုတွေက များသောအားဖြင့် ဘေးမှ အပစ်ခံရတတ်ပါတယ်

မှန်ပြီးပေါက်သွားရင် ရေတွေဝင်လာမှာဖြစ်ပြီး၊ ဒေါင်လိုက်အကန့်လိုက်နံရံကြောင့် ရေက တစ်ဖက်ထဲကိုသာ ဝင်သွားမှာဖြစ်ပြီး ဟန်ချက်မညီနိုင်တော့ပါဘူး

 

အမေရိကန်နှင့် ဗြိတိန်ရှိ သင်္ဘောတွေက တော်ပီဒိုမှန်လည်းပဲ နစ်မြုပ်ခြင်း မရှိပါ

သို့သော် ဂျပန်သင်္ဘောများဟာ မကြာခဏ ဟန်ချက်ပျက်ကာ မှောက်နစ်မြုပ်ခဲ့ရတာက ဒီအကြောင်းကြောင့်ပါ

 

လက်ရှိနည်းပညာနဲ့ စစ်ဆေးကြည့်တဲ့အခါ ဒေါင်လိုက်အခန်းကန့်နံရံကို ထည့်သွင်းလည်းပဲ ခိုင်ခံ့မှုအပိုင်းမှာ ကွာခြားမှု သိပ်မရှိတာကို တွေ့ရပါတယ်

 

နတ်ဘုရားလို့ခေါ်ကြတဲ့ Hiraga အမှားလုပ်မိတဲ့ တစ်ခုတည်းသော အပိုင်းဖြစ်တယ်

ဂျပန်သင်္ဘောတွေ တစ်စီးပြီး တစ်စီး နစ်မြုပ်သွားပါတော့တယ်

ပထမတန်းစားဖျက်သင်္ဘောလို့ခေါ်တဲ့ စစ်သင်္ဘောငယ် နစ်မြုပ်မှုအရေအတွက်ကို နှိုင်းယှဉ်ကြည့်ရင် ဂျပန်က ၁၂၈ စင်း၊ အမေရိကန်က ၇၁ စင်းနဲ့ ကွာခြားချက်ကြီးမားပါတယ်

 

သင်္ဘောအရေအတွက် သိသိသာသာ ကျဆင်းနေချိန်မှာပဲ ကမ္ဘာ့အကြီးဆုံး ဧရာမစစ်သင်္ဘော Yamato ပေါ်လာပါတယ်

လက်ရှိစစ်သင်္ဘောများအပါအဝင် ကမ္ဘာ့အကြီးဆုံး Yamato ဟာ ရန်သူစစ်သင်္ဘောတွေကို တစ်ဖက်သတ်တိုက်ခိုက်ဖို့ အဓိကတာဝန်ရှိပေမယ့်လည်း Yamato အနီးပတ်ဝန်းကျင်ကို ကာကွယ်ရမယ့် သင်္ဘောအရေအတွက် မလုံလောက်တာကြောင့် အစွမ်းကုန်မတိုက်လိုက်ရဘဲ နစ်မြုပ်သွားခဲ့ပါတော့တယ်

 

သမိုင်းမှာ IF ဆိုတာလိုအပ်ပေမယ့် တကယ်လို့ နတ်ဘုရားဟာ ဒီ ဇိုင်းအမှားကို သတိပြုမိလိုက်ရင် ဂျပန်ဟာ အနည်းငယ် ပိုကောင်းအောင် တွန်းလှန်နိုင်ခဲ့တယ်ထင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: