ပုန်းအောင်းနေတဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်၊ Ōta Dōkan ဟာတော်လွန်းလှပါတယ်

ဂျပန်သမိုင်းတွေကို စိတ်ဝင်စားသူတွေကို မေးလွန်းလေးမေးချင်ပါတယ်

လက်ရှိ ဧကရာဇ်နန်းတော်ဟာ မူလက Edo ရဲတိုက်လို့ခေါ်တဲ့ ရဲတိုက်တစ်ခုဖြစ်ပေမယ့် ၎င်းကို ဘယ်သူတည်ဆောက်ခဲ့တာလဲဆိုတာ သိပါသလား?

 

အဖြေကတော့ Ōta ပါ

ဒီမေးခွန်းက မူလတန်းကျောင်းသားကမေးတဲ့ မေးခွန်းပါ

အဖြေမှန်ကတော့ Ōta Dōkan ဆိုတဲ့လူပါ

 

Ōta Dōkan စစ်တိုက်ရင်လည်း အရှုံးမရှိဘဲ၊ ရဲတိုက်ကိုပါ ဆောက်ခဲ့တဲ့ ထူးချွန်သူပါ

https://mag.japaaan.com/archives/171841

 

ထိုအချိန်ကစပြီး အလွန်ထက်မြက်သူလို့ သိကြတာဖြစ်ပေမယ့်လည်း၊ လက်တွေ့မှာတော့ ကျောင်းစာထဲက သမိုင်းစာအုပ်မှာတောင် သူ့နာမည်ကို တွေ့ရခဲပါတယ်

ဒီနေ့တော့ လျှို့ဝှက်ထားတဲ့ လူတော်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

Ōta Dōkan ရဲ့အဖေက Ōta Dōshin ဆိုတဲ့လူဖြစ်ပြီး၊ ဥာဏ်ကောင်းပြီး စစ်တိုက်ရင်လည်း အရှုံးမရှိလို့ နာမည်ကြီးတဲ့သူပါ

ငယ်စဉ်ကတည်းကပင် အရည်အချင်းများကို သင်ယူပြီး၊ အသိပညာများကိုလည်း စေ့စေ့စပ်စပ် စုဆောင်းခဲ့ပါတယ်

 

သူ၏ ထက်မြက်မှုနှင့် ဉာဏ်ပညာကြောင့် ကြီးကျယ်သော ဂုဏ်သတင်းမွှေးစေပြီး သူ့ကို အခြားဆာမူရိုင်းမိသားစုများက “ ဘယ်တန်ဖိုးရှိတဲ့အရာနဲ့မှ အစားထိုးမရတဲ့ အဖိုးတန်သောတည်ရှိမှု” အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်

အရွယ်ရောက်လာဲ့အခါ အိမ်ကို အုပ်စိုးပြီး သူ့ရဲ့ အရည်အချင်းတွေ ပိုတိုးလာပါတယ်

 

အဲဒီတုန်းက ဂျပန်မှာ တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့ပြီး၊ Dōkan က သူ့နယ်မြေကို ကာကွယ်ဖို့အတွက် အခု Saitama စီရင်စုမှာ Iwatsukijo နဲ့ Kawagoejo ဆိုတဲ့ ရဲတိုက်တွေကို ဆောက်ခဲ့ပါတယ်

နောက်ဆုံးမှာ Edo Castle လို့ ခေါ်တဲ့ ရဲတိုက်ကြီး ဖြစ်လာတာပါ

Dōkan က အခြားရဲတိုက်များစွာကို တည်ဆောက်ခဲ့ပြီး ဘယ်နေရာက ကြည့်ကြည့် ပြည့်စုံလွန်းလို့ ရဲတိုက်တည်ဆောက်တဲ့ သခင်လို့တောင် နာမည်ကြီးပါတယ်

 

တိုက်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ချန်ထားခဲ့ပါတယ်

ဂျပန်ကဗျာကို ရေးခဲ့တာတောင်မှ လူတိုင်း သဘောကျနိုင်မယ့် အဆင့်ထိရောက်တယ်လို့ ပြောချင်ပါတယ်

 

ရဲတိုက်ဆောက်၊ တိုက်ခိုက်ရေး၊ ဂျပန်ကဗျာ။

ဗဟုသုတ နှင့် အရည်အချင်းများစွာရှိတဲ့ ပါရမီရှင်ဖြစ်တဲ့သူဟာ နောက်ဆုံးမှာ လုပ်ကြံခြင်းကို ခံလိုက်ရပါတယ်။

 

သူ့နာမည်ကို တိုကျို၊ Arakawa-ku ထောင့်မှာ ရှိတဲ့ Dokanyama ဆိုတဲ့နေရာမှာ ကျန်ရှိနေသေးပေမယ့်၊ ဂျပန်တော်တော်များများက Dōkan ရဲ့လာရာဒေသကို မသိပါဘူး

 

ဘာလို့ နာမည်ကြီးမလာတာလဲ? လို့ပြောရရင် မွေးလာတဲ့ခေတ်က ပြဿနာလို့ထင်ပါတယ်

Dōkan ကို 1432 ခုနှစ်မှာ မွေးခဲ့တာပါ

ဆာမူရိုင်းတွေ ရက်ရက်စက်စက် တိုက်ခိုက်ကြတဲ့ ခေတ်ထက် နှစ် ၁၀၀ လောက်စောတဲ့ခေတ်မှာ မွေးခဲ့တာပါ

အဲဒီနောက်မှာတော့ ဂျပန်သမိုင်းမှာ တုန်လှုပ်ချောက်ချားဖွယ် ထင်ရှားကျော်ကြားသူ အများအပြားကို မွေးထုတ်ပေးခဲ့ပါတယ်

 

နောက်ဆုံး တိုက်ပွဲမာအနိုင်ရခဲ့တဲ့ Ieyasu Tokugawa ဟာ ဂျပန်နိုင်ငံကို ပေါင်းစည်းပြီး Dōkan တည်ဆောက်ခဲ့တဲ့ရဲတိုက်ကို Edo ရဲတိုက်လို့ ခေါ်တွင်စေခဲ့ပါတယ်

 

ဒီမှာပဲ Edo ရဲတိုက် = Ieyasu Tokugawa ဆိုတဲ့သမိုင်းအမှားကြီးဖြစ်သွားခဲ့တာပါ

 

သူသာ အနှစ် 100 နောက်ကျပြီး မွေးဖွားခဲ့မယ်ဆိုရင် ဂျပန်သမိုင်းမှာ ဘာတွေဖြစ်ခဲ့မလဲ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: