မကောင်းတာမလုပ်ထားပေမယ့် လုပ်ထားတယ်လို့ ဝန်ခံလောက်အောင် နှိပ်စက်မှု။ ဆိုးရွားလွန်းပါတယ်

ရာဇဝတ်မှုတစ်ခု ဖြစ်တဲ့အခါ သက်သေရှာမတွေ့ရင် တရားခံကို ဝန်ခံခိုင်းရုံကလွဲပြီး မရှိပါဘူး

ဒါပေမယ့်လည်း တော်ရုံ ဝန်ခံခဲပါတယ်

အဲ့ဒီအခါမှာ ဒီလိုနှိပ်စက်ပါတယ်

 

အခုခေတ် ဂျပန်မှာကတော့ နှိပ်စက်တာတွေ မရှိတော့ပေမယ့်၊ ဆာမူရိုင်းတွေ မြို့ထဲလျှောက်သွားနေတတ်တဲ့ အဲဒိုခေတ်မှာတော့ နှိပ်စက်တယ်ဆိုတာ လုပ်ထုံးတစ်ခုပါပဲ

ဒီလောက်ကြီး အနှိပ်စက်ခံရတော့ “ကျွန်တော် တရားခံပါ” လို့ပြောကြရတဲ့အထိ ကြောက်စရာကောင်းခဲ့တာပါ

နှိပ်စက်နည်းတွေကို ကြည့်လိုက်ရအောင်

 

むち打ち (မုချိအုချိ)

ဒါကတော့ ဂျပန်တင်မဟုတ်ဘဲ နိုင်ငံတော်တ်ောများများမှာရှိတဲ့ နှိပ်စက်နည်းပါ

အချက် 150 အထိရိုက်တယ်ပြောပေမယ့် တော်တ်ောများများက 10 ချက်တောင်မကျော်သေးခင် ဝန်ခံလိုက်ရပါတယ်

အချက် 50 ကျော်ရင် သတိလစ်သွားပုံပါပဲ

သတိလစ်ရင် ရေနဲ့ပက်ပြီး ထပ်ရိုက်တယ်

လက်လွန်ရင် သေသွားနိုင်လို့ 150 အထိပဲ သတ်မှတ်ထားပုံပါပဲ

 

石抱(အိရှိဒခိ)

ဒါလည်း တော်တော်ကြောက်စရာ ကောင်းပါတယ်

ဖမ်းခံထားရတဲ့လူကို ထိုင်ခိုင်းထားတဲ့နေရာက လှိုင်းတွန့်တွေလို ဖြစ်နေတယ်နော်?

အဲ့ဒီနေရာမှာ ဒူးတုပ်ထိုင်ရတာနဲ့တင် တော်တ်ောနာမှာဆိုပေမယ့်၊ တစ်ခုကို 50kg တောင်ရှိတဲ့ ကျောက်ပြားကြီးတွေ ပေါင်ပေါ်တင်ထားခံရတဲ့ ငရဲပါပဲ

သွေးတွေထွက်နေတာ မြင်ရတယ်မလား

海老責(အဲဘိဇဲမဲ)

မျက်နှာနဲ့ ခြေထောင်နှစ်ဖက် ကပ်နေတဲ့အထိ ခန္ဓာကိုယ်ကိုကွေးပြီး ချည်ထားတဲ့ ဒဏ်ပါ

သိပ်မဆိုးပါဘူး လို့တွေးမိတယ်မလား? ဒီလောက်နဲ့ ဘယ်ဟုတ်မလဲ

နာရီဝက်လောက်ကြာရင်ကို တစ်ကိုယ်လုံးက သွေးလည်ပတ်မှုက ယိုယွင်းပြီး နီရဲလာပုံပါပဲ

ရဲလာလို့ ပုစွန်ပုံပေါက်လာတဲ့ အ‌ခေါ်နဲ့ အဲဘိ လို့နာမည်မှာပါနေတာပါ

ဒီနည်းလမ်းက အဆိုးဆုံးလို့ ဆိုနိုင်ပါတယ်

 

ဒါကိုပါခံနိုင်တယ်ဆိုရင် ဒီတစ်ခုရှိပါ‌သေးတယ်

 

釣責 (ဆုရိဇဲမဲ)

ကြိုးနဲ့ခြည်ပြီး ဆွဲထားတာပါ

ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်အလေးချိန်ကြောင့် ကြိုးက ကိုယ်ထဲနစ်ဝင်သွားပါတယ်

ဒါကို အဆက်မပြတ်လုပ်တာပါ

အခုထက်ထိ နှိပ်စက်နည်းတွေနဲ့ ယှဥ်ရင်တော့ အဆိုးဆုံးပါပဲ

 

လက်သည်းကြားထဲကို အပ်အတုပ်ကြီးစိုက်ပြီး အဲ့ဒီပေါ်မှာ ဖယောင်းအပူတွေ လောင်းတယ်

တကယ်ကို ငရဲပါပဲ

ဂျပန်တွေက တော်တ်ောကြောက်စရာကောင်းတယ်‌နော်

 

ဒီလိုတွေနှိပ်စက်ပြီးမှ ရလာတဲ့ဝန်ခံချက်က လုံးဝအဓိပ္ပာယ်မရှိပါဘူး

အပြစ်မရှိတဲ့လူက ဒီလိုနှိပ်စက်ခံရရင် ဝန်ခံလိုက်ရရုံက လွဲပြီးလမ်းမရှိခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့မှာပါ

ကြောက်စရာကောင်းတဲ့ လောကကြီးပါပဲ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: