ရက်ကွန်းနဲ့ မြေခွေးတို့ဟာ စုန်းအတတ်ကိုသုံးပြီး လူတွေကိုလှည့်ဖျားတတ်ကြတယ်။ ဘယ်သူက ပိုစွမ်းလဲ?

ရက်ကွန်းနဲ့ မြေခွေးဆိုတဲ့ သတ္တဝါလေးတွေကို သိကြပါသလား?

ဂျပန်မှာရှေးခေတ်ကတည်းကရှိခဲ့တဲ့ တိရိစ္ဆာန်လေးတွေဖြစ်ပြီး အစွမ်းတစ်ခုခု ပိုင်ဆိုင်ထားတယ်လို့ အယူရှိပါတယ်

စုန်းအတတ်နဲ့ လူတွေကိုလှည့်ဖျားတတ်တယ်လို့ ပြောကြပါတယ်

ဘာလို့ဒီလိုပြောကြတာလဲ?

ဘယ်သူကပိုစွမ်းသလဲ၊ တိုင်းကြည့်လိုက်ရအောင်

ရက်ကွန်း

https://lowch.com/archives/14168

 

ကိုရီးယားကျွန်းဆွယ်၊ တရုတ်၊ အရှေ့ပိုင်း၊ ရုရှားနှင့် ဗီယက်နမ်မြောက်ပိုင်းတို့မှာ နေထိုင်ကြတဲ့ ရက်ကွန်းလေးတွေပါ

ခန္ဓာကိုယ် အရှည် 50 မှ 70 စင်တီမီတာ ရှိတာကြောင့် ကြီးကြီးမားမားမဟုတ်တဲ့အပြင် ကြွက်နှင့် ပွေး၊ ဂဏန်း၊ အင်းဆက်များနဲ့

အခွံမာသီးတွေကို စားသုံးတဲ့ တိရစ္ဆာန်ငယ်လေးတွေဖြစ်ပါတယ်

 

မြေခွေး

ဒါလေးတွေက ယူရေးရှား၊ အာဖရိကနှင့် မြောက်အမေရိကတို့မှာ ကျယ်ကျယ်ပြန့်ပြန့် နေထိုင်ကြပါတယ်

အရှည် 50-80 စင်တီမီတာခန့်ရှိပြီး ရက်ကွန်းလိုမျိုးပဲ နေထိုင်ကြတာပါ

 

သာမာန်တောရိုင်းတိရိစ္ဆာန်များဖြစ်ပေမယ့် တရုတ်နိုင်ငံမှ ဗုဒ္ဓဘာသာနဲ့အတူဝင်လာတဲ့ ဇာတ်လမ်းတွေကြောင့် ပြောင်းလဲသွားပြီး၊ ရက်ကွန်းနဲ့ မြေခွေးတွေကို

မကောင်းတဲ့အကောင်တွေလိုပြောထားတဲ့ ပုံပြင်တွေထွက်ပေါ်လာပါတော့တယ်

သူတို့လေးတွေကတော့ တော်တ်ောစိတ်အနှောက်အယှက်ဖြစ်ခဲ့မှာပဲ

 

ဇာတ်လမ်းမျိုးစုံမှာ ပေါ်လာတဲ့အတွက် စပြောဖို့ ခက်ပေမယ့် ယေဘုယျအားဖြင့်ကတော့

 

ရက်ကွန်းရဲ့ အထူးစွမ်းရည်က

  • သစ်ရွက်များကို ငွေအဖြစ်ပြောင်းနိုင်တယ်

・ လူသားအသွင်ဆောင်ခြင်း (အမြီးမဝှက်ထားနိုင်လို့ဆိုပြီး မအောင်မြင်တာများပါတယ်)

・ လှည့်စားရန်ကြိုးစားတာများပါတယ်

ပြောရရင် ချစ်စရာပုံရိပ်လေးကို ခံစားရပါတယ်

မျက်လုံးဝိုင်းတဲ့သူတွေကို tanuki မျက်နှာ (ရက်ကွန်းမျက်နှာ) လို့တောင်ခေါ်ကြပါတယ်

ပုံပြင်တွေမှာပါတဲ့ ရက်ကွန်းတွေကတော့ အထီးတွေများပုံပါပဲ

 

လူကို လှည့်စားတဲ့ ရက်ကွန်းဟာ အဆုံးမှာ ဖမ်းခံရပြီး စားခံလိုက်ရတယ်ဆိုတဲ့ ပုံပြင်တွေ အများကြီးရှိပါတယ်။

 

မြေခွေးရဲ့ အထူးစွမ်းရည်က

・လူဟန်‌ဆော်တယ် (အရမ်းတော်တယ်)

・လူတွေကို လှည့်ဖျားတယ် (ကျရှုံးတာရှားတယ်)

・ထူးထူးခြားခြား မှော်အစွမ်းရှိတယ်

 

ရက်ကွန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အမျိုးသမီးတစ်ဦးလို တည်တည်ငြိမ်ငြိမ် အေးဆေးတဲ့ ပုံစံရှိပါတယ်

မျက်လုံးစဥ်းတဲ့သူကို fox face (မြေခွေးမျက်နှာ) လို့တောင်ခေါ်ကြပါတယ်

 

ပုံပြင်တွေထဲမှာတော့ အလိမ်ပေါ်လို့ အဖမ်းခံရတယ်ဆိုတာထက်၊ မြေခွေးမှန်းသိသွားတာနဲ့ ပျောက်ကွယ်သွားတယ်လို့ပဲ ပြောကြပါတယ်

Cool & Beauty ပေါ့‌နော်

ဂျပန်တစ်ဝှမ်းလုံးမှာ မြေခွေးတွေ ကိန်းအောင်းနေတဲ့ ဘုရားကျောင်းတွေ ရှိတယ်လို့ တွေးကြည့်တော့ လူတွေက မြေခွေးတွေကို ကြောက်တယ်လို့ ထင်ပါတယ်။

 

ဘယ်သူပိုစွမ်းလဲပြောရရင် မြေခွေးဟာ အလုံးစုံထက်မြက်ပြီး အထူးစွမ်းရည်တွေ ပိုမြင့်မားတယ်လို့ ကျွန်တော်ထင်ပါတယ်။

မြေခွေးမှာ နောက်ထပ်ဆင့်ကဲဖြစ်စဉ်တစ်ခုရှိနေပါသေးတယ်

 

အမြှီးကိုးချောင်း မြေခွေးပါပဲ(Kyuubi kitsune)

လူ့လောကမဟုတ်ဘဲ ဝိဥာဏ်လောကမှာ ဖြစ်ပုံရပါတယ်

တရုတ်ဒဏ္ဍာရီမှာတော့ ကောင်းကင်မှအသုံးပြုသော ဘုရားသခင်၏တမန်လို့ ဆိုကြပါတယ်

ဗီယက်နမ်မှာလည်း တရုတ်ဒဏ္ဍာရီတွေရဲ့ လွမ်းမိုးမှုကြောင့် အလားတူ ဇာတ်လမ်းမျိုးတွေ ရှိပါတယ်

 

ဂျပန်နိုင်ငံတွင် ဟိုးရှေးရှေးတုန်းကရှိခဲ့တဲ့ Onmyoji နဲ့ Seimei Abe တို့ရဲ့အမေက အမြီးကိုးချောင်းမြေခွေးလို့ပြောပါတယ်

Onmyoji သည် နတ်ဆိုးများကို သုတ်သင်တဲ့နည်းလမ်းတွေ တတ်တာကြောင့် မိခင်သွေးမှ အမွေဆက်ခံထားတယ်လို့ ဆိုပါတယ်

 

မြေခွေးနဲ့ ရက်ကွန်တို့ဟာ လူသားတွေကို လမ်းလွဲစေမယ့် စုန်းအတတ်ကို အသုံးပြုတဲ့ ဇာတ်ကောင်တွေဖြစ်ပေမယ့် လူတွေမြင်ကြတဲ့ အမြင်ချင်းမတူပါဘူး

မြေခွေးကတည်ငြိမ်ပြီး ပညာရှိကာ၊ ရက်ကွန်းကတော့ ဂရုမမူနေတတ်ပုံပါပဲ

ဘယ်လိုစဉ်းစားပါစေ မြေခွေးကပိုသန်မာပါတယ်

 

အုဒွန်းခေါက်ဆွဲမှာတောင် မြေခွေးနဲ့ ရက်ကွန်း ဆိုပြီးရှိပါသေးတယ်

ချိုစပ်တဲ့အရသာနဲ့ တို့ဟူးကြော်ပါတာက Kitsune udon (မြေခွေးအုဒွန်းပါ)

မြေခွေးတွေဟာ အကြောင်းတစ်ခုခုကြောင့် ဒီတိုဟူးကြော်ကို နှစ်သက်ကြတဲ့ ပုံပြင်တစ်ပုဒ်ရှိပြီး မြေခွေးကို ကိန်းဝပ်နေတဲ့ ဘုရားကျောင်းက ဒီ တို့ဟူးကြော်ကို ပူဇော်တယ်လို့ ဆိုပါတယ်။

 

ရက်ကွန်းအုဒွန်းပါ

အကြော်ကြော်တဲ့အချိန်ထွက်လာတဲ့ “တန်းခဆု” အကြော်မှုန်လေးတွေ ထည့်ထားတာက ရက်ကွန်းခဆုပါ

ခန်းဆိုင်းမှာပဲ ဒီလိုခေါ်တာပါ

ခဆုအုဒွန်းလို့ခေါ်ပုံရပါတယ်

 

ဘာလို့ ရက်ကွန်းအုဒွန်းလို့ သတ်မှတ်လဲတော့ မသိပါဘူး

မြေခွေးနဲ့ လိုက်ပြိုင်တာများပဲ

 

ကျွန်တော်ကတော့ ရက်ကွန်းမျက်လုံးနဲ့ မိန်းကလေးတွေက ပိုချစ်ဖို့ကောင်းတယ်လို့ ထင်ပြီး၊ နည်းနည်းလေး တလွဲလုပ်တတ်တာလေးကို ချစ်ဖို့ကောင်းတယ်လို့ထင်ပါတယ်

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: