ရှုံးနိမ့်သူကို ဖေးမပါ။ ရှုံးသွားသူကို လှောင်ပြောင်သူ ဆာမူရိုင်းကို အသက်နဲ့ရင်းပြီး လမ်းညွှန်သင်ပြတဲ့ အမျိုးသား

ဂုဏ်သိက္ခာ၊ လူသားဆန်မှု စတဲ့စကားလုံးတွေ ဂျပန်မှာရှိပေမယ့်၊ ကျရှုံးသူတွေအပေါ်မှာတော့ အေးစက်စွာဆက်ဆံတာ တခြားနိုင်ငံတွေနဲ့ ထူးမခြားနားပါပဲ

“ရေနစ်နေတဲ့ ခွေးကိုတုတ်နဲ့ ထပ်ရိုက်မယ်”

 

ဆိုတဲ့စကားလုံးဂျပန်မှာ ရှိပါတယ်

“ရေနစ်သူ ဝါးကူထိုး၊ မြေနိမ့်ရာလှံစိုက်” စတဲ့ မြန်မာစကားပုံတွေနဲ့ ခပ်ဆင်ဆင်ပါပဲ

ရှုံးနိမ့်အခက်တွေ့နေသူကို လှောင်ပြောင်ပြီး ထပ်အနိုင်ကျင့်တာပါ

စစ်ပွဲလိုနေရာတွေမှဦပိုဆိုးမှာပေါ့

 

ဒီတစ်ခေါက် Hiratsuka Hisayoshi ဆိုတဲ့ ရှုံးနိမ့်သူကို လှောင်ပြောင်သူကို ပြောဆိုဆုံးမခဲ့သူအကြောင်းပါ

https://mag.japaaan.com/archives/169747

 

ဂျပန်ကို ဘယ်သူအုပ်ချုပ်မလဲ ပြိုင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ ခေတ်မှာရှိခဲ့သူပါ

ဂျပန်တစ်ပြည်လုံး စစ်ပွဲဖြစ်နေခဲ့တာပါ

 

Kuga ဟာစစ်ပွဲတိုင်းနိုင်ပြီး ခွန်အားရှိသူလို့ နာမည်ကြီးပါတယ်

ဒီလို Kuga ဆီကို ဂျပန်တစ်ပြည်လုံး ပေါင်းစည်းစေလိုသူ Ieyasu Tokugawa ကိုယ်တိုင် ရောက်လာရတာပါ

Ieyasu Tokugawa ကိုသိတဲ့သူတွေ ရှိပါလိမ့်မယ်

အဲဒိုခေတ်ကို တည်ထောင်ခဲ့တဲ့သူပါ

 

သူနဲ့တစ်ပြိုင်နက်တည်းမှာပဲ Mitsunari Ishida ဆိုတဲ့ရန်သူကလည်း လာခဲ့ပါတယ်

 

Ieyasu Tokugawa နိုင်မယ့်အကြောင်း Kuga လည်းသိထားပုံရပေမယ့်၊ သူ့ကိုတော့ သိပ်မကြိုက်ပါဘူး

“Ieyasu က ကပ်စေးကုပ်တယ်၊ ဘယ်လောက်လုပ်ပေးပေး လစာကနည်းမှာပါ”

လို့ဆိုပြီး Ishida အိမ်တော်မှာ အမှုထမ်းခဲ့ပါတယ်

 

ဒါပေမယ့် သူဟာ Sekigahara စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး Kuga အကိုအကြီးဟာ အသတ်ခံရကာ၊ သူလည်းအဖမ်းခံခဲ့ရပါတယ်

 

Kuga ဟာ “ ငါ့ကိုသတ် ”

လို့အော်ခဲ့ပေမယ့် Ieyasu ဟာ လှောင်ပြောင်ပြီး စကားတွေပြောနေခဲ့ပါတယ်

” ဘယ်လိုအရူးလဲ

ငါလာခေါ်တုန်း လိုက်ခဲ့ရမှာ

ငါကကပ်စေးနည်းလို့?

ရှုံးတာထက် ကပ်စေးကုပ်တာက သာတယ်ကွ?

မင်းက အမြင်ကိုမရှိတာ

အခုရော ဆုကြေးငွေဘယ်လောက်ရနေလို့လဲ။”

 

Kuga ဟာ ဒီလိုပြန်ပြောခဲ့ပါတယ်

“ စစ်ပွဲမှာ အဖမ်းခံရတာ ဆာမူရိုင်းအတွက် ရှက်စရာမဟုတ်ဘူး

သခင် Ieyasu လည်း Imagawa ဂိုဏ်းရဲ့ ဓားစာခံဖြစ်ဖူးတာပဲမလား?

ဒါကိုတောင် သူများကို လှောင်ရယ်တာ တော်တ်ောလေး ထူးဆန်းတဲ့စကားပဲ”

 

Ieyasu ဟာ ငယ်ငယ်တုန်းက အဖမ်းခံခဲ့ရပြီး ဒီအကြောင်း သိပ်မပြောပါဘူး

ဒီ စိတ်ဒဏ်ရာကိုပြန်သတိရပြီး တိတ်သွားတဲ့ Ieyasu ကို Kuga ဟာ ထပ်ပြောပြန်ပါတယ်

 

“ ထပ်ပြောရရင် သခင် Ieyasu ဟာလည်း သေသွားတဲ့ Hideyoshi Toyotomi ဆီအမှုထမ်းဖူးတာပဲလေ”

Hideyoshi သေသွားတော့ သူ့စကားနားမထောင်ဘဲ Hideyoshi ကလေးတွေကို ရန်သူလိုဆက်ဆံခဲ့တယ်မလား?

ဒါကိုတောင် မရှက်ဘဲ ကိုယ့်ကိုယ်ကို ဆာမူရိုင်းလို့ ခေါ်ချင်သေးတာလား”

 

Ieyasu ဟာ ဒီနေရာမှာ ပြန်ပြောစရာစကားမရှိတော့ဘဲ၊ သတ်လိုက်ရင်လည်း အရှက်ကို ဝန်ခံရာရောက်သွားတော့မှာပါ

နောက်ဆုံး Kuga ကိုလွှတ်ပေးပြီး ပျောက်ဆုံးသွားခဲ့ပါတော့တယ်

 

တိုက်ခိုက်လို့ နိုင်တယ်ဆိုတာနဲ့ ဘာပြောပြော ဘာလုပ်လုပ် ကောင်းတာမဟုတ်ပါဘူး

ဂျပန်ကိုပေါင်းစည်းအုပ်ချုပ်ခဲ့သူတစ်ယောက်ကိုတောင် အောင်နိုင်သူတစ်ယောက် နေထိုင်သင့်တဲ့နည်းလမ်းကို ပြသနိုင်ခဲ့တဲ့ Kuga ဟာတကယ်ကို ကြည့်ကောင်းခဲ့တဲ့ ဆာမူရိုင်းတစ်ယောက်ပါပဲ

Abe Kango

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: