ဒါမှ ယောက်ျားကွ! ဆာမူရိုင်းတွေရဲ့ သေဆုံးမှုရသ
မနက်ဖြန်သေရမယ်လို့ ကြိုသိရရင် ဒီနေ့ဘာလုပ်မလဲ?
အကြိုက်ဆုံးစားစရာကို စားမယ်
စုထားတဲ့ပိုက်ဆံတွေ အကုန်သုံးမယ်
မသေအောင် ထွက်ပြေးမယ်
လူအမျိုးမျိုးရှိမှာပေါ့
နားနေတဲ့ငှက်က ထပြန်ရင် မလှုတ်ခတ်စေရ
ဆိုပြီး ဂျပန်မှာ စကားတစ်ခုရှိတယ်။
ရေပြင်ကနေ ထပြန်လိုက်ရင် ညင်ညင်သာသာ ပျံရမယ်
ရေပြင်ကိုငြိမ်ငြိမ်လေးထားခဲ့ရမယ်
ဒီလိုပဲ လူတွေကလည်း နောက်ဆုံးအချိန်ကို လှလှပပနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခမပေးဘဲ သွားရမယ်ဆိုတာက ဂျပန်လူမျိုးတွေရဲ့ အတွေးပါပဲ
“သေဆုံးမှုရသ”
ဘယ်လိုသေဖို့အဆွက် ဘယ်လိုရှင်သန်ကြမလဲ?
တခဲဒ ရှင်းဂန်း ရဲ့ ပြင်းထန်လှတဲ့ နောက်ဆုံးစကား
https://intojapanwaraku.com/culture/100112/
“ငါကဂျပန်မှာ ခွန်အားအကြီးဆုံးပဲ” လို့ကြွေးကြော်တတ်ကြတဲ့ ခိုခုမင်းခေတ်မှာ
တခဲဒ ရှင်းဂန်း ဆိုတာက စိန်ခေါ်သူ မရှိသလောက်ကို စွမ်းခဲ့သူပါ
အသက် ၅၃မှာ ရောဂါကြောင့် သေတော့မှာဖြစ်တာကြောင့်
အားနည်းချိန်တိုက်ခိုက်လာမယ့် ရန်သူတွေကို
ဒီစကားချန်ခဲ့ပါတယ်
“ငါသေသွားသော် စစ်သားတွေကို မလိုအပ်ဘဲ မလှုပ်ရှားစေနဲ့
တမင်တကာ တခြားတိုင်းပြညဘ်ကို စိန်ခေါ်သလိုဖြစ်ပြီး၊ ရန်သူတွေဝင်လာမယ်
အဲ့ဒါကို ရှောင်းရှားဖို့ သေတဲ့နေရာကို လိုက်မလာနဲ့
အနည်းဆုံး ၃နှစ် ငါသေတာကို လျို့ဝှက်ထားပါ”
သေသွားသည့်တိုင် ကိုယ့်အရှိန်အဝါနဲ့ နိုင်ငံကို ကာကွယ်ပေးခဲ့သူပါ
ကိုယ်သေမှာထက် တိုင်းပြည်နဲ့ သားသမီးတွေကို ပူပန်ခဲ့သူပါ
နောက်ဆုံးအချိန်အထိ ယောက်ျားဆန်ခဲ့သူ ဒတဲ မဆမုနဲ့
တိုးဟိုခု ဒေသကို အုပ်ချုပ်သူ
ဂျပန်နံပါတ် ၁ စွမ်းဆောင်ရည်တွေနဲ့ အုပ်ချုပ်ခဲ့သူတစ်ယောက်
သူကလည်း ရောဂါကြောင့်သေခဲ့တာပါ
အိပ်ယာထဲမှာပဲ တစ်ချိန်လုံးနေနေခဲ့ပြီး အချစ်ဆုံးမိန်းမကိုတောင် အနားအကပ်မခံတော့ပါဘူး
တစ်ယောက်တည်းသေသွားခဲ့ပါတယ်
ဆုံးဖြတ်ချက်ခိုင်မာပြီး သူ့ချစ်ရသူတွေရဲ့ အမှတ်တရတွေမှာ ဂုဏ်သိက္ခာရှိရှိ ကျန်နေခဲ့ချင်တာပါ
ကိုယ့်ရဲ့ ကလီစာတွေနဲ့စာရေးပြီး သေဆုံးခဲ့သူ ရှိဘတ ခဆုအိအဲ့
ဂျပန်နိုင်ငံကြီး မပေါင်းစည်းသွားခင်မှာ အသတ်ခံလိုက်ရတဲ့ ယုံကြည်မှုလွန်ကဲသူတစ်ယောက်
မိန်းမကနေမကောင်းပြီး ဆုံးသွားတော့ တစ်ယောက်တည်းကျန်ခဲ့ပေမယ့်
အုပ်ချုပ်သူ နိုဘုနဂဆုံးသွားတော့ သူ့ညီမဖြစ်သူကို လက်ထပ်လိုက်ပါတယ်
ခေတ်ကလည်း နိုဘုနဂခေတ်ကနေ တိုယိုတိုမိ ဟိဒဲယိုးရှိ ခေတ်ကိုပြောင်းသွားပါတယ်
အဲ့ဒီမှာ နိုဘုနဂခေတ်က စစ်သားဟောင်းတွေကို သတ်မယ်လို့ ထုတ်ပြန်လိုက်တယ်
ခဆုအိအဲ့ နဲ့ မိန်းမဖြစ်သူတို့ ဒီလိုပြောခဲ့ကြပါတယ်
မင်းက နိုဘုနဂ ရဲ့ ညီမလေး။
ဟိဒဲယိုးရှိ လည်း အသက်ကို သတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ထွက်ပြေးပါ။
မပြေးပါဘူး ကျွန်မကနောက်ဆုံးအချိန်အထိ ခဆုအိအဲ့အနားမှာ နေမှာပါ
အဲဒီဆုံးဖြတ်ချက်က မပြောင်းလဲဘူး။
ဟိဒဲယိုးရှိ ရဲ့စစ်တပ်တွေရောက်လာတယ်
ဒါဆို သွားကြတော့မလား
ဟုတ်ကဲ့…
ဒီလိုပြောပြီး သူ့မိန်းမကိုသတ်တယ်
ပြီးတော့ ငိုရင်းနဲ့ သူ့ဗိုက်ကိုသူခွဲပြီး ကလီစာတွေနဲ့ လက်အောက်ငယ်သားတွေအတွက် စာရေးခဲ့တယ်
ခဆုအိအဲ့ လမ်းကိုလိုက်ပြီး ရန်သူဆီလက်အောက်ခံမလုပ်ဘဲ အကုန်သတ်သေခဲ့ကြတယ်
တကယ့်သတ္တိခဲတွေပါပဲ
ဂျပန်က ဒီလိုမျိုး သေရမယ့်ပုံကို လှလှပပ ခံစားတတ်တဲ့ နိုင်ငံပါ
သူတို့သေခဲ့ပုံကို ဘယ်လိုထင်ပါသလဲ?