တရားမျှတမှုကို ထိန်းသိမ်းထားသူနှင့် ကျေးဇူးတရားကို နှစ်ပေါင်း ၄၀၀ တိုင် မမေ့သေးသူများ

ဂျပန်မှာ ဒီလိုစကားရှိပါတယ်

“ခွေးတစ်ကောင်ကို ၃ရက်လောက်မွေးထားရင် အဲ့ဒီကျေးဇူးကို မမေ့တတ်ပါဘူး”

 

ဟုတ်ပါတယ်၊ ခွေးလေခွေးလွင့်တစ်ကောင်ကို သုံးရက်ကြာ ပြုစုစောင့်ရှောက်ပေးထားတဲ့ အိမ်ကို သတိတရရှိပြီး အဲဒီအိမ်ပိုင်ရှင်ဆီ အရာအားလုံးကို မြှုပ်နှံထားတယ်လို့ ပြောကြပါတယ်

ခွေးထက် မြင့်မြတ်တယ်လို့ ယူဆကြတဲ့ ကျွန်တော်တို့ လူသားတွေကရော?

ခွေးလေးတွေလောက်တောင် ကျေးဇူးတရားကို မခံစားကြတဲ့ သူတွေ ဘယ်နှယောက်လောက်ရှိမလဲ…

 

ဒီလိုလူတွေကြားထဲမှာမှ အရမ်းလှပတဲ့ စကားလေးရှိပါတယ်

ပြည်သူပြည်သားတွေအတွက် ဥပဒေအရဆိုရင် မကောင်းဘူးလို့ သတ်မှတ်ခံရတဲ့ အရာကိုလုပ်ခဲ့တဲ့ ဆာမူရိုင်းတစ်ယောက်

အဲ့ဒီကျေးဇူးကို နှစ်ရာချီကြာအောင် မှတ်ထားပေးကြတဲ့ ပြည်သူပြည်သားတွေ တကယ်ရှိခဲ့ပါတယ်

လူသားတွေက အသိဉာဏ်မြင့်တယ်ဆိုပြီး ပြောချင်လောက်တဲ့ ဂျပန်နိုင်ငံက အကြောင်းလေးကို ဖတ်ကြည့်လိုက်ပါ

 

 

အဓိကဇာတ်ကောင်ကတော့ Jiro Isshiki Terusue ဖြစ်ပါတယ်

ဆန်းဂိုခုခေတ်နောက်ပိုင်းကနေ အဲဒိုခေတ်ဦးပိုင်းအထိ အုပ်ချုပ်ခဲ့တဲ့ ဆာမူရိုင်းဖြစ်ပါတယ်

https://mag.japaaan.com/archives/163349#google_vignette

 

ခေတ်ကောင်းစဥ်အခါက Saitama စီရင်စုကို ပိုင်ဆိုင်တဲ့ Isshiki မျိုးနွယ်စုရဲ့ တတိယသားဖြစ်ပါတယ်

နာမည်က “ Jiro” လို့ပြောပေမယ့် ဒီနာမည်က များသောအားဖြင့် ဒုတိယသားကို ပေးသင့်တဲ့ နာမည်ပါ

သူက တတိယသားဖြစ်ပေမယ့် အစ်ကိုနှစ်ယောက်အနက်မှ တစ်ဦးမှာ မတူညီသောမိခင် ရှိခဲ့ပုံရပါတယ်

Isshiki မျိုးနွယ်စုဟာ အလွန်ကျော်ကြားခြင်းမရှိသလို သမိုင်းကိုလည်း တိတိကျကျ ချန်ထားခဲ့ခြင်းမရှိပါဘူး

 

ဒေသတစ်ခုစီမှ ဆာမူရိုင်းများဟာ ဂျပန်ရဲ့ နံပါတ် ၁ ဖြစ်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ဆန်းဂိုခုခေတ်မှာ တဲ့ရုဆုအဲ့ ရဲ့ဖခင်ဟာ ရွေးချယ်မှု မှားယွင်းခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်

ဆန်းဂိုခုခေတ်မှာ ခေါင်းဆောင်နေရာရခဲ့ပေမယ့် Edo ခေတ်မှာ ဦးဆောင်ခဲ့တဲ့ Ieyasu Tokugawa ကို အဖေနဲ့ အကိုက လက်နက်ချခဲ့ပါတယ်

ဒါပေမယ့် တဲ့ရုဆုအဲ့ ကတော့ Ibaraki စီရင်စုမှာ ပုန်းအောင်းနေခဲ့ပါတယ်

 

အဲ့ဒီအချိန်ကနေ အနှစ်သုံးဆယ်ကျော်သွားခဲ့ပြီး ၁၆၂၀ ပြည့်တော့ပါမယ်

ဒီနှစ်မှာပဲ တိုနဲ့မြစ်ရေလျှံပြီး အစာရေစာရှားပါးလာခဲ့ပါတယ်

အုပ်ချုပ်သူတွေကိုပါ အငတ်ဘေးဆိုက်ခဲ့ပြီး သေဖို့ပဲကျန်ခဲ့တော့တာပါ

 

တဲ့ရုဆုအဲ့ ဟာ ပြည်သူတွေကို ငတ်မွတ်မှုမှ ကယ်တင်ဖို့ အခွန်အဖြစ် ပေးဆောင်တဲ့  ဆန်တွေကို လုယက်ခဲ့ပါတယ်

အဲ့ဒီဆန်တွေကို ပြည်သူပြည်သားတွေကို ခွဲဝေပေးပြီး အသက်ရှင်နိုင်ခဲ့ကြပါတယ်

 

သို့သော် လူတွေကိုကယ်ဖို့လို့ ဘယ်လောက်ပဲပြောပြေ ဒါကရာဇဝတ်မှုပါပဲ

၁၆၂၁ခုနှစ်ကျော်လာတော့ တဲ့ရုဆုအဲ့ ဟာအဖမ်းခံလိုက်ရပြီး သူ့အလောင်းကို တိုနဲ့မြစ်မှာ အမျောခံလိုက်ရပါတယ်

 

ဒီလိုပြစ်မှုကျူးလွန်သူကို သေဒဏ်ပေးခံရတာ ထုံးစံပါပဲ

သို့သော်…

 

“ဒီလိုနေရာမှာ Isshiki-sama ကိုပစ်ထားလိုက်ရင် ငါတို့တွေဟာ ခွေးလောက်တောင်မသိတတ်ကြသူတွေ ဖြစ်ရလိမ့်မယ်”

လို့ဆိုပြီး ပြည်သူပြည်သားတွေဟာ အလောင်းကိုပြန်ဆယ်ပြီး သေသေချာချာ မြေမြုပ်သင်္ဂြိုလ်ခဲ့ပါတယ်

အဲဒီနောက် နှစ်အတော်အတန်ကြာမှ ၁၇၀၁ ခုနှစ်မှာ သေဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေနဲ့ “ Namu Amida Butsu” က Nembutsu တစ်ခုတည်းသာ ရေးထွင်းထားတဲ့ အုတ်ဂူကို တည်ဆောက်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ Edo ခေတ်နဲ့ Tokugawa ရှိုးဂန်းခေတ်က မပြီးသေးတဲ့အတွက် အပြစ်ပေးခံရမှာကို ကြောက်ခဲ့လို့ပါ

 

Tokugawa ခေတ်အဆုံးမှာ Isshiki နတ်ကွန်းကိုတည်ဆောက်ခဲ့ပြီး အဲ့ဒီနေရာမှာပဲ တဲ့ရုဆုအဲ့ ကို ရည်ညွှန်းတဲ့ ပွဲတော်ကို နှစ်စဉ်ကျင်းပကြပါတယ်

 

1921 ခုနှစ်မှာ သေဆုံးခြင်း နှစ် 300 ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲတော်ကို ကျင်းပခဲ့ပါတယ်

မကြာသေးမီကပင် နို၀င်ဘာ ၂၁၊ ၂၀၂၁ မှာ ဆုံးပြီးနောက် နှစ်ပေါင်း ၄၀၀ ပြည့် ဆုတောင်းပွဲတော်ကို ကျင်းပခဲ့ကြပါသေးတယ်

 

ယနေ့ခေတ် ဆက်ဆံရေး အားနည်းနေတဲ့ ကမ္ဘာကြီးမှာ အချိန်အကြာကြီး ကျေးဇူးတင်စိတ်ကို မမေ့မလျော့ဘဲ ပွဲတော်တစ်ခု ကျင်းပခြင်းဟာ အံ့သြဖွယ်ကောင်းတဲ့ လူသားချင်းဆက်နွယ်မှုလို့ ကျွန်တော် ထင်ပါတယ်

 

တဲ့ရုဆုအဲ့လောက်တော့ မလုပ်နိုင်ပေမယ့် ကျွန်တော်တို့လည်း ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ လူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ အမြဲတွေးပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်သွားစေချင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: