
“ နှာခေါင်းအတွင်းဖြန်းဆေး” ပုံစံတုပ်ကွေးကာကွယ်ဆေး “ Flu Mist”

ဂျပန်နိုင်ငံရဲ့ ပထမဆုံး နှာခေါင်းဖြန်းဆေးအမျိုးအစား တုပ်ကွေး ကာကွယ်ဆေး ထွက်ပေါ်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အထူးပြုကော်မတီက Daiichi Sankyo ၏ တုပ်ကွေးကာကွယ်ဆေး “ Frumist” ကို ဂျပန်နိုင်ငံတွင် အသက် ၂ နှစ်မှ ၁၈ နှစ်အထိ အသုံးပြုဖို့ အတည်ပြုခဲ့ပါတယ်။ ကာကွယ်ဆေးကို နှာခေါင်းထဲသို့ တိုက်ရိုက်ဖျန်းပြီး ထိုးရန် မလိုအပ်တာကြောင့် နာကျင်မှု မရှိကြောင်း သိရပါတယ်။ လက်ရှိတွင် ဂျပန်နိုင်ငံတွင် အသက် 2 နှစ်မှ 49 နှစ်ကြားရှိသူများကို ဆန္ဒအလျောက် ယန်း 8,000 မှ 10,000 ခန့်သုံးပြီး ဒီကာကွယ်ဆေးကို သုံးနိုင်နေပြီဖြစ်ပါတယ်။

Wakayama City မှာရှိတဲ့ Ikuma ဆေးခန်းကို Flumist အကြောင်း မေးမြန်းကြည့်တဲ့အခါမှာ

(ဒေါက်တာ Hiroshi Koyama, Ikuma ဆေးခန်း)

“အရွယ်ရောက်ပြီးသူတွေလည်း လာဝယ်ကြပေမယ့်၊ အများစုက ကလေးသူငယ်တွေ ဖြစ်ပါတယ်။ လူကြိုက်များတဲ့အချက်ကတော့ ‘အာနိသင်ကြာရှည်ခံတယ်’ ‘မနာဘူး’ စတာတွေပဲဖြစ်ပါတယ်။ ထိုးဆေးဟာ ၄လကနေ ၅လအတွင်း အာနိသင်ကျသွားပေမယ့်၊ Flumist ကတော့ ၁နှစ်ေလာက်ခံတာကြောင့်ပါ”

ဒီကာကွယ်ဆေးဟာ ဗိုင်းရပ်စ် ဝင်ရောက်ရာလမ်းကြောင်းဖြစ်တဲ့ နှာခေါင်းထဲမှာ တိုက်ရိုက်ကိုယ်ခံအားကိုဖန်တီးပေးတာကြောင့် ခန္ဓာကိုယ်အတွင်းသို့ ဗိုင်းရပ်စ်များဝင်ရောက်ခြင်းမှ ကာကွယ်ရန် ပိုမိုလွယ်ကူစေတာက အဓိကဝိသေသပဲဖြစ်ပါတယ်။ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အဆိုအရ ကြိုတင်ကာကွယ်မှု အကျိုးသက်ရောက်မှုဟာ ၃၀ မှ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့ဆိုပါတယ္။ သို့သော် သတိထားစရာအချို့လည်း ရှိနေပုံပါပဲ…..။

(ဒေါက်တာ Hiroshi Koyama, Ikuma ဆေးခန်း)

ထိုးဆေးထိုးရတာမကြိုက်တဲ့ ကလေးတွေအတွက်လို့ပြောပေမယ့်၊ တချို့ကလေးတွေက နှာခေါင်းထဲထည့်တာကို မကြိုက်ကြဘူး။ Flumist အပြည့်ထည့်ပြီးရင် ‘ဟွန်း’ လို့လုပ်လိုက်တာနဲ့ အကုန်ပြန်ထွက်ကုန်မှာပါ။

ပြီးတော့ ဒီဆေးက သေးငယ်သောဗိုင်းရပ်စ်တွေက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဖြစ်တာကြောင့် ပန်းနာရင်ကျပ် သို့မဟုတ် ကိုယ်ခံအားကျဆင်းနေသူများ သတိထားသင့်ပါတယ်။ မတ်လအလယ်မှာ တရားဝင်အတည်ပြုဖို့ စီစဉ်ထားပြီး၊ အတည်ပြုလိုက်ရင် ဒါဟာ ဂျပန်နိုင်ငံမှာ ပထမဆုံးသော နှာခေါင်းတွင်းဖြန်းကာကွယ်ဆေးဖြစ်လာမှာပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: