ဂျပန်နိုင်ငံက လိင်ပညာပေးကရော ဘယ်လိုလဲ?။ ဒီလိုခေတ်တောင် ရောက်လာပြီလား?

ကလေးတွေအရွယ်ရောက်လာဖို့ အမျိုးမျိုး သင်ပေးရတဲ့ ကျောင်းပညာရေး

ဂျပန်မှာတော့ မူလတန်း ၆နှစ်၊ အလယ်တန်း ၃နှစ်က မသင်မနေရဖြစ်ပြီးတော့၊ အထက်တန်း ၃ နှစ်ပါပေါင်းထည့်လိုက်ရင် ၁၂ကြာမယ့် ပညာသင်ကြားမှုကာလ ဖြစ်ပါတယ်

အသက်ကြီးလာတော့ အသုံးဝင်မှာလား? လို့ပြောရရင်တော့ သင်္ချာနဲ့ သိပ္ပံအပြင်၊ ဘဝနေထိုင်မှုအတွက် မရှိမဖြစ်လိုတဲ့ လိင်ပညာပေးလည်း အပါအဝင်ပါပဲ

ကမ္ဘာမှာအခြေခံအားဖြင့် ယောကျ်ားနဲ့ မိန်းမဆိုပြီး အဓိကလိင်ကွဲနှစ်ခုရှိပါတယ်

LGBTQ တွေလည်းရှိပါတယ်

တစ်ယောက်ယောက်ကိုချစ်မိတာက သဘာဝဖြစ်ပြီးတော့ အလယ်တန်း အထက်တန်းရောက်ပြီဆိုတာနဲ့ ကြိုက်တဲ့သူ ၁ ယောက် ၂ ယောက်ကတော့ ရှိလာစမြဲပါပဲ

ရည်းစားထားကြတဲ့ သူတွေတောင်ရှိပါတယ်

ကိုယ်ချစ်ရတဲ့သူနဲ့ ချစ်ကြိုက်ကြပြီဆိုရင် SEX ကိုခံစားကြည့်ချင်တာကတော့ လူ့သဘာဝပါပဲ

သို့သော် နည်းလမ်းမှားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးမိတာမျိုး၊ မတော်တဆ ကလေးရသွားတာမျိုးတွေ မဖြစ်အောင်ကြိုးစားရမှာပါ

ဒါကြောင့်လည်း လိင်ပညာပေးဆိုတာ လိုအပ်တာပေါ့

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ လိင်ပညာပေးတာကတော့ လွန်လွန်းပါတယ်

လက်ရှိမှာ ဂျပန်နိုင်ငံစာသင်ကျောင်းတွေမှာ ဒီလိုပေါ်လစီ ချမှတ်ထားပါတယ်

ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားနိုင်လာပြီဆိုရင် ရင့်ကျက်မှု စတင်ပြီဆိုတဲ့ ရှု့ထောင့်ကနေ၊

မျိုးအောင်မယ်၊ ကိုယ်ဝန်ဆောင်ရမယ်၊

ကိုယ်ဝန်ဆောင်ရမယ့် လမ်းကြောင်းကိုတော့ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါ။

ဒါက သိပ္ပံအချိန်မှာသင်ရတဲ့ အပင်တွေမျိုးပွားတာနဲ့ ဘာမှကိုမကွာပါဘူး

အရေးကြီးတာက ဒါလေးတင်ပဲမဟုတ်ဘဲ တစ်ဖက်လူကိုအလေးထားပြီး မမျှော်လင့်ဘဲ ကိုယ်ဝန်ရတာမျိုး မဖြစ်ရအောင် တားဆီးမယ့်နည်းလမ်းတွေ ဖြစ်သင့်တာပါ

အလယ်တန်း၊ အထက်တန်းရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ရော၊ နှလုံးသားရော ရင့်ကျက်လာပြီ၊ SEX ကိုလည်းစိတ်ဝင်စားလာပြီဆိုတာ သဘာဝပါ

ရည်းစားသာရှိနေမယ်ဆိုရင် စမ်းကြည့်တာကလည်းသဘာဝပါပဲ

အင်တာနက်တွေမှာ adult video တွေ လွယ်လွယ်ကူကူ ကြည့်လို့ရတဲ့ ခေတ်ဆိုတော့

ရိုးရိုးဗီဒီယိုတွေကနေ ဆိုးဝါးလှတဲ့ အရာတွေလည်း ပေါလှပါတယ်

စိတ်မပါတဲ့မိန်းကလေးကို အတင်းအကျပ်ကျူးလွန်ပြီး မိန်းကလေးက စိတ်ပါလာသယောင်၊ အကာအကွယ်မသုံးဘဲ သုတ်လွှတ်တာမျိုးစတဲ့

ဆိုးဝါးတဲ့ဗီဒီယိုတွေကြည့်မိပြီး ဒါကပုံမှန် SEX  လို့ထင်သွားတဲ့ ကလေးတွေရှိပါတယ်

အင်တာနက်မှာဆိုရင် ဆေးပညာကကြည့်ရင် လုံးဝကိုအကြံပြုထားခြင်းမရှိတာတွေကို ဖြန့်ထားကြပါတယ်

အကာအကွယ်မသုံးလည်းဘဲ အပြင်မှာသုတ်လွှတ်ရင် ဘာမှမဖြစ်ဘူးဆိုတာမျိုး

တကယ်လို့ သုတ်လွှတ်မိရင်လည်း ကိုလာနဲ့ ဆေးလိုက်ရင် ကိုယ်ဝန်မရှိဘူးဆိုတာမျိုးတွေပါ

ဘယ်လိုလုပ် ဘာမှမဖြစ်ဘဲနေမှာလဲ!??

ဘာကြောင့် ဂျပန်နိုင်ငံမှာ လိင်ပညာပေးတာက ဒီလောက်နောက်ကျနေရတာလဲ?

SEX ဆိုတာသူများကို ပြောပြ၊ ပြသနေရတဲ့ဟာမဟုတ်ဘူး

လက်ထပ်ပြီးမှ ကြုံရတာလို့ ပြောနေကြတယ်၊

ကလေးပဲရှိသေးတယ် စောလွန်းသေးတယ်ဆိုပြီး ပြောကြတာမျိုး၊

တကယ့်လက်တွေ့ဂျပန်နဲ့ကတော့ တခြားစီဖြစ်နေတယ်မဟုတ်လား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: