ကင်ဆာဝေဒနာရှင် ဆေးကုသနေသူများအတွက် ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုကို အစိုးရကထောက်ပံ့မယ်

သားအိမ်ကင်ဆာအတွက် ကင်ဆာဆေးသွင်းကုသမှုကို ခံယူနေရတဲ့ Koga မြို့ရှိ အသက် 50 နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကုသမှုဘေးထွက်ဆိုးကျိုးများကြောင့် ဆံပင်တွေကျွတ်သွားခဲ့ရပါတယ်

ဒါနဲ့ ဆံပင်တိုဆံပင်တုကို ဝယ်လိုက်တဲ့အခါမှာ ယန်း ၂၅၀၀၀ တောင်ကုန်ကျမှာဖြစ်တာကြောင့် တစ်ဝက်ကို အစိုးရထောက်ပံ့ငွေနဲ့ ပေးချေခဲ့ရပါတယ်

Koga City ဟာထောက်ပံ့မှု ပရောဂျက်ကို ယခုနှစ် ဧပြီလကတည်းက စတင်ခဲ့ပြီး ဆံပင်တုများအတွက် အများဆုံး ယန်း 20,000 နဲ့ အခြားပြုပြင်ရေးကိရိယာများအတွက် ယန်း 10,000 ဆိုပြီးသတ်မှတ်ကာ ထောက်ပံ့ပေးခဲ့ပါတယ်

သူမဟာ “ ကုသမှုနဲ့ စမ်းသပ်မှုက စျေးကြီးတယ်။ ငွေကြေးထောက်ပံ့ပေးတာကြောင့် ကင်ဆာဝေဒနာရှင်တွေကို ကူညီလိုတဲ့မြို့ရဲ့ဆန္ဒကြောင့် ဝမ်းသာမိပါတယ်။” လို့ပြောခဲ့ပါတယ်

ဆံပင်တုကို ဖူကူအိုကမှာရှိတဲ့ NPO “ Wig Ring Japan” ကရောင်းချပေးနေတာပါ

12 နှစ်ကြာ ကင်ဆာဝေဒနာရှင်များအတွက် ဆံပင်တုကို ငှားပေးတဲ့လုပ်ငန်းကို လုပ်ခဲ့တာပါ

ဧပြီလမှာ အစိုးရရဲ့ “ appearance care” ပရော့ဂျက်စတင်တာနဲ့ စတင်ရောင်းချခဲ့တာပါ

 

ဝေဒနာရှင်တွေကို ရုပ်ပိုင်းဆိုင်ရာအတွက် စောင့်ရှောက်ပေးတော့ စိတ်ပိုင်းဆိုင်ရာလည်း ပျော်ရွှင်လာတာကြောင့် နိုင်ငံတကာမှာလည်း ကျင့်သုံးသင့်တယ်လို့ ထင်မိပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: